အိန္ဒိယတွင် နှစ် ၄၀ အတွင်း အဆိုးဆုံးမိုးခေါင်မှု ရင်ဆိုင်နေရ

Fatima Mulani uses a hand-pump to collect water at a Primary Health Centre in Latur, April 16, 2016. REUTERS/Danish Siddiqui

အိန္ဒိယနိုင်ငံမှာ နှစ် ၄၀ အတွင်း အဆိုးဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရလို့ ကောက်ပဲသီးနှံတွေ ပျက်စီးပြီး မွေးမြူရေး တိရစ္ဆာန်တွေ သေဆုံးခဲ့သလို ဆည်တွေလည်း ရေခန်းခြောက်ကုန်ပါတယ်။ နိုင်ငံတွင်း အချမ်းသာဆုံး ပြည်နယ်ဖြစ်တဲ့ အနောက်ပိုင်းက မဟာရတ်ရှ်တျာ ပြည်နယ်မှာ မြို့နေလူတွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် ရေပံ့ပိုးမှု ပြတ်တောက်ခဲ့ ပါတယ်။

ပါရီတိုက်ခိုက်မှု သံသယရှိသူ အဗ္ဗဒီဆလမ်းကို ဘယ်လ်ဂျီယံမှ ပြင်သစ်သို့ လွှဲပြောင်းပေး

_88938077_abdeslam

ပြီးခဲ့သည့် နိုဝင်ဘာ တွင် လူ ၁၃၀ ဦး သေဆုံးစေခဲ့ သော ပါရီမြို့ တိုက်ခိုက်မှုများ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သူအဖြစ် သံသယရှိခြင်း ခံရသော ဆာလေး အဗ္ဗဒီဆလမ်းကို ဘယ်လ်ဂျီ ယံနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု နှစ်နိုင်ငံမှ အစိုးရရှေ့နေများက ဧပြီ ၂၇ ရက် တွင် ပြောသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း ကလေးသူငယ်မဖွယ်မရာပြုမှုဖြင့် ထောင် ၁၅ လကျ

_89475101_f4b02225-31a1-4f54-941b-6efb7dde3daf

ဝါရှင်တန်ဒီစီ၊ ဧပြီ ၂၈

အမေရိကန်အောက်လွှတ်တော်ဥက္ကဌဟောင်း ဒန်းနစ်ဟာစတက်ကို ကလေးသူငယ်မဖွယ်မရာပြုမူမှုပြီး လုပ်ရပ်ကို ငွေအားဖြင့် ဖုံးကွယ်ရန် ကြိုးစားခြင်းအတွက် တရားရုံးက ထောင်ဒဏ် ၁၅ လချမှတ်လိုက်သည်။

ဝှီးချဲအသုံးပြုကာ နေထိုင်နေရသည့် အသက် ၇၄ နှစ်ရှိ ဒန်းနစ်က စာသင်ကျောင်းတွင် နည်ပြအဖြစ်လုပ်ကိုင်ခဲ့စဉ် ၁၉၇၀ ခုနှစ်များအတွင်းက ကျောင်းသားများအပေါ် မဖွယ်မရာကျုးလွန်ခဲ့ခြင်းအတွက် အလွန်ပင်ရှက်ရွံမိကြောင်း တရားရုံးတွင် ထွက်ဆိုဝန်ခံသည်။

လေကြောင်းတိုက်ခိုက်မှုမစမီ အရပ်သားများ ရှောင်ရှားနိုင်ရေး အကြိုသတိပေးသည့်နည်းလမ်း အသုံးပြု

13072660_1701034986803669_2993117678812733437_o

မိုဆူးလ် ဧပြီ ၂၇

အမေရိကန်တို့သည် အီရတ်ရှိ အိုင်အက်စ်အကြမ်းဖက်သမားများကို ပစ်မှတ်ထား၍ တိုက်ခိုက်ရာ၌ အရပ်သားများ ထိခိုက်မှု မရှိစေရေး အစ္စရေးတို့အသုံးပြုခဲ့သည့် ဒုံးကျည်ပစ်လွှတ်သတိပေးသည့် နည်းလမ်းကို ယခုလအတွင်း အသုံးပြုခဲ့သည်။

သို့သော် တိုက်ခိုက်မှုများအတွင်း အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု အမေရိကန်စစ်တပ်က အင်္ဂါနေ့က ပြောခဲ့သည်။

ပင်လယ်ရပ်ခြား ငွေစုစာရင်းကနေ အကျိုးအမြတ် ရခဲ့ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ပြော

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ရဲ့ ကွယ်လွန်သူ ဖခင် ဟာ ပင်လယ်ရပ်ခြားမှာ ငွေကြေးတွေ သိမ်းဆည်း ခဲ့တယ် ဆိုတာ ကို ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု ကနေ ထွက်ပေါ် လာခဲ့ တဲ့ နောက် အခုဆိုရင် ဝန်ကြီးချုပ် ကင်မရွန် က သူ့ အနေနဲ့ အဲဒီ့ ငွေကြေးတွေ ကနေ အကျိုးကျေးဇူး ရှိခဲ့တယ် ဆိုတဲ့ အချက် အပေါ်မှာ အသိအမှတ်ပြု ပြောဆို လိုက်ပါတယ်။

ပနားမား ငွေကြေးစနစ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်

ကမ္ဘာတလွှား သြဇာကြီးသူတွေ၊ ကျော်ကြားသူတွေနဲ့ နိုင်ငံရေး သမားအများအပြားရဲ့ လျို့ဝှက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ချလိုက်တဲ့ Panama Papers – ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံကြီး ပေါ်ပေါက်လာမှု အတွင်း ပနားမား နိုင်ငံ ရဲ့ ငွေကြေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို ပြန်လည် သုံးသပ်ဖို့ အတွက် အစိုးရက လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းမယ်လို့ သမ္မတ Juan Carlos Varela က ပြောဆိုလိုက်ပါတယ်။

နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များကို ဟာလာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် တောင်ကိုရီးယား စီစဉ်

ခရီးသွားဧည့်သည်များကို ဟာလာအစားအသောက်များ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် တောင်ကိုရီးယား ခရီးသွားလာရေးအဖွဲ့ KTO မှာ နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များအား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

စားသောက်ဆိုင်များ၏ အစားသောက် ချက်ပြုတ်တည့်ခင်းမှုကို အခြေခံ၍ သြဂုတ်လအတွင်း ဟာလာအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ အဆင့် ၅ ဆင့် သတ်မှတ်ထားသည့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ကို ကိုရီးယားမွတ်စလင်အသင်းက ထုတ်ပေးသွားမည်ဖြစ်သည်။

ဆီးရီးယားပြည်သူ ၃၀၀ ကျော်ကို IS ပြန်ပေးဆွဲထား

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေစက်ရုံအား တနင်္လာနေ့က IS ၏ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အလုပ်သမား ၃၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

Badia Cement စက်ရုံဖြစ်ပြီး ပိုင်ရှင်နှင့် ကျန်ရစ်ခဲ့သည့် မိသားစုများကမူ အလုပ်သမားများနှင့် ဆက်သွယ်၍မရဟု ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသောသူများ၏ အရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေကာ အချို့ရင်းမြစ်များက ၂၅၀ ဦးဟု ဖော်ပြခဲ့သည်။