ဗီယက်နမ်သို့ အိုဘားမားခရီးစဉ် နွေးထွေးသော ဆက်ဆံရေးကို ဖော်ဆောင်

_89765343_89765342

ဟိုချီမင်းစီးတီး၊ မေ ၂၃ ။             ။ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်သမ္မတများ ဗီယက်နမ်သို့ သုံးကြိမ်မြောက် လာရောက်လည်ပတ်မှုအဖြစ် သမ္မတ အိုဘားမားက သုံးရက်တာခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ စတင်ရောက်ရှိပြီဖြစ်သည်။

အမေရိကန်က ပစိဖိတ်မဟာမိတ်များနှင့် ဆက်ဆံရေးတည်ထောင်နေသည့်ကာ နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးကို ရည်သန်ကာ ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗြိတိန်နှင့် ပြင်သစ်၌ အမှတ်တံဆိပ်မပါသည့် စီးကရက်ဘူး ဥပဒေ ပြဋ္ဌာန်း

mmmmmmmmmmmmm

ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းအဖွဲ့က လန်ဒန်တွင် မေ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် စံပြု စီးကရက်ဘူးပုံစံကို တွေ့ရစဉ်

 

ဗြိတိန်နှင့် ပြင်သစ်၌ အမှတ်တံဆိပ်မပါသည့် စီးကရက်ဘူး ဥပဒေသည် မေလ (၂၀) ရက်တွင် စတင် သက်ဝင်လာပြီ ဖြစ်ရာ အမှတ်တံဆိပ်တပ်ထားသော စီးကရက်ဘူးခွံများ ဇာတ်သိမ်းသွားပြီဖြစ်သည်။ ယင်းဥပဒေကို စီးကရက်ကုမ္ပဏီ များက ဆန့်ကျင်နေသော်လည်း တက်ကြွလှုပ်ရှားသူများက အားပေး ထောက်ခံခဲ့ကြသည်။

ထိုင်းအာဏာသိမ်း ၂ နှစ်ပြည့် ဆန္ဒပြ

Thai

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ တနင်္ဂနွေနေ့ (မေလ ၂၂ ရက်) တုန်းက စစ်အာဏာသိမ်းတဲ့ ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ ၂၀၀ ကျော်ဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ခံအစိုးရလက်က စစ်အာဏာသိမ်းချိန်ကစပြီး စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေထဲမှာ ဒီတကြိမ်ဟာ အကြီးဆုံးတခုဖြစ်ပေမယ့် အာဏာပိုင်တွေဟာ အရင်တုန်းကလို လမ်းပေါ်မှာပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲဖြစ်ဖြစ် ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ အရင်ပုံစံမျိုး မဟုတ်တော့ဘဲ သည်းခံတာတွေ့ရပါတယ်။

ထိုင်း လူ့ အခွင့်အရေးနှင့် ပတ်သက်၍ ကန်သံအမတ် ဝေဖန်မှု ထိုင်း အစိုးရ အမျက်ထွက်

13221690_1164875166876813_1116066631887046415_n

ထိုင်းနိုင်ငံဆိုင်ရာ ကန်သံအမတ်၏ ထိုင်းနိုင်ငံလူ့အခွင့်အရေးအပေါ် ဝေဖန်မှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ကြီးစွာမနှစ်မြို့ဟု သိရသည်။

ပြီးခဲ့သည့်အပတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူနွင်နိုင်းနှင့် တွေ့ဆုံအပြီး အင်တာဗျူးတစ်ခုအတွင်း သံအမတ် ဂလင်းဒေဗီးစ်က နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ၎င်းအနေဖြင့် စိုးရိမ်မကင်းဖြစ်မိကြောင်း ပြောခဲ့သည် ဟု သိရသည်။ ယင်းသို့ပြောဆိုခဲ့မှုအပေါ် ထိုင်းအစိုးရအနေဖြင့်ရော ပြည်သူများကပါ များစွာဘဝင်မကျဖြစ်ရကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဆိုသည်။

လူမည်းအမျိုးသမီးကို ရဲက ပစ်သတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်

_89636043_gregsuhrap

မေ ၂၀

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းက လူမည်းများ ရဲများ၏ ပစ်ခတ်ခံရကာ သေဆုံးမှုဖြစ်စဉ်များကြောင့် လူမျိုးရေးပြဿနာရပ်များရှိထားခဲ့ရာ ယခုအခါတွင်လည်း လူမည်းအမျိုးသမီးတစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ် ဖမ်းဆီးခဲ့မှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဆန်ဖရန်စစ္စကို ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးမှ နှုတ်ထွက်ခဲ့ရသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါလူမည်းအမျိုးသမီးမှာ ကားတစ်စီးကို ခိုးယူမောင်းနှင်လာသည်ဟု ယူဆရသောကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ဖမ်းဆီးခဲ့စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုင်ဝမ် သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် ထိုင်ဝမ်နှင့်တရုတ် ပေါင်းစည်းရေး မူဝါဒကို ချန်လှပ်ခဲ့

12832441_10153222230106065_5237681737822793689_n

သမ္မတအဖြစ် ပထမဆုံး ပြောဆိုသည့် မိန့်ခွန်းတွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က တရုတ်က လိုလားသည့် တစ်ပေါင်း တစ်စည်းတည်း မူဝါဒကို ချန်လှပ် သွားခဲ့ကြောင်း သိရသည်။

ဆိုင်သည် ထိုင်ဝမ်ကို တရုတ်က နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမည်ကို မလိုအပ်သူ တစ်ဦးအဖြစ် လူသိများသည်။ ဇန်နဝါရီ ရွေးကောက်ပွဲတွင် သူမ၏ပါတီ အနိုင်ရကတည်းက တရုတ်အစိုးရက ဆိုင်ကို သံသယကြီးကြီး စောင့်ကြည့်နေခဲ့သည်။

ရုရှား၏ရန်ကို ကာကွယ်မည့် NATO၏ ကာကွယ်ရေးကွန်ရက် စီမံကိန်း အပြီးသတ်နိုင်လုနီးပါး ဖြစ်လာ

nato-group-photo

NATO အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများ စုပေါင်း ဓာတ်ပုံအရိုက်ခံစဉ်။

 

ရုရှား၏ ရန်လို ခြိမ်းခြောက်မှုများကို ကာကွယ်ရန် NATO စစ်မဟာမိတ်တပ်ဖွဲ့က ဥရောပ အရှေ့ပိုင်း၌ စစ်ဘက် ကာကွယ်ရေး ကွန်ရက်တစ်ခု ချိတ်ဆက် တည်ဆောက်နေမှုမှာ အပြီးသတ်လုနီးပါး ရှိနေပြီဟု သိရသည်။

ပျောက်ဆုံး အီဂျစ်လေယာဉ်ကို နိုင်ငံပေါင်းစုံ ပူးပေါင်း ရှာဖွေနေ

HT_Egyptian_Military_search_jrl_160519_12x5_1600

ရှာဖွေရေး ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေသည့် အီဂျစ် စစ်သင်္ဘောတစ်စီး။

 

ပျောက်ဆုံးနေသည့် အီဂျစ်လေကြောင်းပိုင် လေယာဉ်ကို နိုင်ငံစုံမှ ပူးပေါင်းကာ ဧရိယာ ကျယ်ပြန့်စွာ ဖြန့်ကျက် ရှာဖွေနေကြောင်း သိရသည်။

သီရိလင်္ကာမှာ မြေပြို ၃၇ ဦးသေ ၁၅၀ ပျောက်

576378637

Bulathkohupitiya ဆိုတဲ့ ရွာမှာ စစ်သားတွေ ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (Credit: AFP)

 

သီရိလင်္ကာနိုင်ငံမှာ ​သုံးရက်ကြာ ​မိုးတွေ ​အဆက်မပြတ် ​ရွာသွန်းတဲ့အတွက် ​မြေပြိုမှုတွေ ​ဖြစ်ပြီး ​လူ ​၃၇ ​ဦး ​သေဆုံးရသလို ​လူအယောက်ပေါင်း ​၁၅၀ ​ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး ​အဖွဲ့သားတွေက ​ရွှံ့တွေထဲကနေ ​လူသေအလောင်းတွေကို ​ဆွဲထုတ်နေဆဲ ​ဖြစ်သလို အဲဒီဒေသကို ​ကူညီဖို့ ​စစ်သားတွေ၊ ​ရေတပ်သားတွေကိုလည်း ​အစိုးရက ​ပို့ဆောင်ထားပြီ ​ဖြစ်ပါတယ်။