ဒေါ်နယ်ထရန့်သည် အမေရိကန်သမ္မတအဖြစ် သင့်တော်သူဖြစ်ကြောင်း မြောက်ကိုရီးယား ထောက်ခံ

s4.reutersmedia

ဆိုးလ်၊ ဇွန် ၁

အမေရိကန် ရီပတ်ဘလစ်ကန် သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရန် သေချာသလောက်ရှိနေသော ဒေါ်နယ်ထရန့် အား မြောက်ကိုရီးယားအစိုးရက   ထောက်ခံအားပေးလိုက်ပြီး ထရန့်မှာ အနာဂတ်ကာလကို ကြိုတင်မှန်းဆနိုင်သော သမ္မတလောင်း ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်လဲ  ဒီမိုကရက်တစ်ဘက်မှ ဟီလာရီ ကလင်တန်ကိုမူ ပြုံးယမ်းအစိုးရက ဝေဖန်တိုက်ခိုက်သွားကြောင်း သိရသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လေယာဉ်ပျက်ကျ၊ ၃ ဦးသေဆုံး

EyWwB5WU57MYnKOuiE21NFcGB531hCT54GGXaYgCzaoqEaXlpFtJtn

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းပထုန်မြို့မှာ ဒီကနေ့မနက်က လေယာဉ်ငယ်တစီးပျက်ကျပြီး လေယာဉ်ပေါ်ပါသူ ၃ ဦးလုံး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ထိုင်းအစိုးရပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းသိပ္ပံဌာနက လေ့ကျင့်ရေး လေယာဉ်ငယ် တစီးဖြစ်ပြီး လေယာဉ်မောင်းသင်ကြားစဉ် ဒီကနေ့မနက် ၅ နာရီလောက် ပျက်ကျသွားတာလို့  နခွန်ပထုန်ရဲတပ်ဖွဲ့ အထူးစုံစမ်းဆေးရေးဌာန ဒုညွှန်မှူး ဗိုလ်မှူးကြီး မာနုပ် မန့်ယိန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး

Obama-reuters

အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေး လိုက်ပါတယ်။

ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့် ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်း ကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။

အိန္ဒိယဆေးရုံများ၌ အိတ်ခ်ျအိုင်ဗီပိုးရှိ သွေးသွင်းခံရ၍ လူပေါင်း ၂၀၀၀ ရောဂါကူးစက်

H-I-V

အိန္ဒိယနိုင်ငံက ဆေးရုံများမှ အိတ်ခ်ျအိုင်ဗီပိုးရှိသည့် သွေးသွင်းခံရကာ ရောဂါကူးစက်ခြင်းခံရသူပေါင်းသည် ၁၇ လ အတွင်း လူပေါင်း ၂၂၃၄ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါအချက်အလက်ထုတ်ပြန်ချက်ကို တက်ကြွလှုပ်ရှားသူ ချီတန်ကော့သာရီ၏ မေတ္တာရပ်ခံချက်အရ နိုင်ငံ၏ အမျိုးသားအိတ်ခ်ျအိုင်ဗီထိန်းချုပ်ရေး အဖွဲ့အစည်းက ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းအချက်အလက်အား မြင်တွေ့ရ၍ တုန်လှုပ်သွားရကြောင်း ကော့သာရီက ဘီဘီစီသို့ ပြောသည်။

Fallujah တိုက်ပွဲ ပြင်းထန်မှုကြောင့် အရပ်သားသေဆုံးမှုတိုး

527453878

အီရတ်နိုင်ငံ Fallujah မြို့ကို IS စစ်သွေးကြွတွေ လက်ကနေ ပြန်သိမ်းနိုင်ဖို့ တိုက်နေတဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အတူ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ အရေအတွက်လည်း တဖြေးဖြေး များလာနေပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုတွေကြား Fallujah မြို့ခံတွေအတွက် ဘေးကင်းရာ သွားနိုင်တဲ့လမ်း မရှိဘူးလို့ နော်ဝေး ဒုက္ခသည်ကောင်စီ အကြီးအကဲ Jan Egeland က ပြောပါတယ်။ မြို့ကိုပြန်သိမ်းနိုင်ဖို့ အီရတ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ 

ပြုပြင်ပြောင်းလဲရေးဥပဒေကို ဆက်လက်ဆန္ဒပြရန် ပြင်သစ်မီးရထားအလုပ်သမားများ ဆုံးဖြတ်

13310609_1713832798857221_1916879914443831065_n

ပါရီ မေ ၃၁

ပြင်သစ်မီးရထားအလုပ်သမားများသည် အလုပ်သမား ပြုပြင်ပြောင်းလဲရေး ဥပဒေကို ဆက်လက်ကန့်ကွက်ရန် သမဂ္ဂက ဆုံးဖြတ်ခဲ့သည့်အတွက် ဆန္ဒပြပွဲတွင် ပါဝင် ဆင်နွှဲခဲ့ကြသည်။ လောင်စာဆီ ပြတ်တောက်မှုကြောင့် ဖရိုဖရဲ ဖြစ်နေသည့် ဆက်သွယ်ရေးစနစ်သည် ယခုကိစ္စကြောင့် ပို၍ လှုပ်ခတ်လာသည်။

ဖိလစ်ပိုင်သမ္မတသစ်ကို လွှတ်တော်နှစ်ရပ် အတည်ပြု

1949841061

ဖိလစ်ပိုင်သမ္မတသစ်အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူ Rodrigo Duterte

 

ဖိလစ်ပိုင် လွှတ်တော်ဟာ တနင်္လာနေ့က Rodrigo Duterte ကို (၁၆) ယောက်မြောက် ဖိလစ်ပိုင် သမ္မတအဖြစ် တရားဝင် တင်မြှောက်ကြောင်း ကြေငြာလိုက် ပါတယ်။ Rodrigo Duterte ဟာ သမ္မတအဖြစ် ၆ နှစ်ကြာ တာဝန် ထမ်းဆောင်ပြီး ရှေ့လမှာ ရာထူးက ဆင်းတော့မယ့် Benigno Aquino နေရာကို ဆက်ခံမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နောက်ထပ်ဒုံးကျည် စမ်းသပ်မှု မအောင်မမြင်ဖြစ်

Drone

ဆိုးလ်၊ မေ ၃၁

မြောက်ကိုရီးယားနိုင်ငံက ဖျက်အားပြင်းဒုံးကျည်ပစ်လွှတ်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း ယင်းပစ်လွှတ်မှုက ပျက်ပြားသွားဟန် ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

ဒုံးကျည်အမျိုးအစားကို သေချာမသိရသော်လည်း ဧပြီလအတွင်း သုံးကြိမ်တိုင် ပစ်လွှတ်မှု မအောင်မြင်ဖြစ်ခဲ့သည့် တာလတ်ပစ် Musudan ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုများအပြီး နောက်ထပ်ပစ်လွှတ်ရန် လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်။

ဖော်လူဂျာမြို့အတွင်းသို့ အီရတ်တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်

Shi'ite fighters with Iraqi security forces fire artillery during clashes with Islamic State militants near Falluja, Iraq, May 29, 2016. REUTERS/Alaa Al-Marjani

အိုင်အက်စ်အဖွဲ့နှင့် ဖော်လူဂျာမြို့ တိုက်ပွဲများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေသော အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ

(Alaa Al-Marjani/reuters)

 

ဘဂ္ဂဒက်မြို့အနီးရှိ အိုင် အက်စ်အဖွဲ့၏ အမာခံနယ်မြေ ဖြစ်သော ဖော်လူဂျာမြို့ကို တိုက် ခိုက်မည့် အီရတ်စစ်တပ်၏ စစ်ဆင်ရေးများ တနင်္လာနေ့တွင် စတင်ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ရိုက်တာ သတင်းထောက် တစ်ဦးအား ပြောကြားသည်။

ဂျပန်-ဗီယက်နမ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ

20160528_abe_Nguyen-Xuan-Phuc_article_main_image

ဂျပန်နဲ့ ဗီယက်နမ်ဝန်ကြီးချုပ် နှစ်ဦးက  ၂ နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့ကြ ပါတယ်။

အိစဲ-ရှိမာဒေသမှာကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးရဲ့ တိုးချဲ့အစည်းအဝေး  တက်တဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင်စွမ်ဖုနဟာ တိုကျိုမြို့မှာ ဂျပန်ဝန်ကြီးချုပ်ရုံးမှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘဲနဲ့ စနေနေ့ညက တွေ့ဆုံခဲ့ကြပါတယ်။