အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်သဖြင့် ဂျပန် ကန့်ကွက်

China-over-ship

ပေကျင်း၊ ဇွန် ၉

အရှေ့တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်ခဲ့သဖြင့် တိုကျိုရှိ တရုတ်သံအမတ်ကြီးအား ဂျပန်က ကန့်ကွက်ကြောင်း ပြောဆိုသည်။

အငြင်းပွားနေသည့် လူမနေသော ကျွန်းများကို ဂျပန်က ရှင်ကာကုကျွန်းစုဟု ခေါ်ကာ တရုတ်ဖက်က ဒိုင်အိုယု ကျွန်းစုများအဖြစ် ခေါ်သည်။

တစ်ချိန်တည်းတွင် ယင်းရေပြင်အတွင်း ရုရှရေတပ်သင်္ဘောများကိုလည်း တွေ့ရှိကြောင်း ဂျပန်ပြည်တွင်းများတွင် ဖော်ပြသည်။

မိုဆူးလ်မြို့အနီးတွင် အီရတ်တပ်ဖွဲ့များနှင့် အိုင်အက်စ်တို့တိုက်ခိုက် စစ်သွေးကြွ ၄၅ ဦးသေဆုံးဟု အီရတ် စစ်ဘက်ပြောကြား

45327527

မိုဆူးလ် ဇွန် ၈

အစ္စလာမ္မစ်နိုင်ငံတည်ထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ သိမ်းယူထားသော မိုဆူးလ်မြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများတွင် တည်ရှိသော အီရတ်လုံခြုံရေး တပ်ဖွဲ့ စခန်းများအား အိုင်အက်စ်စစ်သွေးကြွများ၏ တိုက်ခိုက် လာခြင်းကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ပြီး စစ်သွေးကြွ ၄၅ ဦး သေဆုံးသွားကြောင်း အီရတ်စစ်ဘက်က ပြောကြားသည်။

တဲလ်အယ်ဗစ်တွင် ပါလက်စတိုင်းနှစ်ဦး ပစ်ခတ်၍ လေးဦး သေဆုံး

Palestinian

တဲလ်အယ်ဗစ်၊ ဇွန် ၉

အစ္စရေးနိုင်ငံ တဲလ်အယ်ဗစ်မြို့ လဟာပြင်ဈေးနှင့် စားသောက်ဆိုင်များရှိရာ အရပ်တွင် ပါလက်စတိုင်းလက်နက်ကိုင် နှစ်ဦး ပစ်ခတ်၍ လူလေးဦးသေဆုံးကာ   ခြောက်ဦးဒဏ်ရာရကြောင်း အစ္စရေးအာဏာပိုင်များက ပြောသည်။

အနောက်ဖက်ကမ်း ဟီဘရွန်းမြို့အနီးရှိ ပါလက်စတိုင်းရွာ ယတ်တာရွာမှ ၀င်ရောက်လာသည့် လက်နက်ကိုင်နှစ်ဦး ဖြစ်ကြောင်း ရဲက ပြောသည်။

အမေရိကန်နှင့် အိန္ဒိယလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်သဘောတူ

13415540_1717165838523917_1514212032687397166_o

ဝါရှင်တန် ဇွန် ၈

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်တွင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ရန် အမေရိကန် နှင့် အိန္ဒိယတို့က သဘောတူခဲ့သည်။ နှစ်နိုင်ငံသည် တရုတ်၏ ရေကြောင်း လှုပ်ရှားမှုများကို ထိန်းသိမ်းရန် သိသိ သာသာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် အင်္ဂါနေ့က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

အာရှတွင် မိခင်မှ ကလေး အိတ်ခ်ျအိုင်ဗီကူးစက်မှု ပပျောက်သည့် နိုင်ငံ ထိုင်းနိုင်ငံပ ထမဆုံးဖြစ်လာ

Thailand_0

ဘန်ကောက်၊ ဇွန် ၈

အိတ်ခ်ျအိုင်ဗီပိုး တိုက်ဖျက်ရာ၌ သမိုင်းမှတ်တိုင်တစ်ရပ်အနေဖြင့် အာရှတွင် မိခင်မှ ကလေး ရောဂါပိုးကူးစက်မှု ပပျောက်ကင်းစင်သည့် ပထမဆုံးနိုင်ငံသည် ထိုင်းနိုင်ငံဖြစ်လာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇွန် ၈ ရက် တွင် ပြောသည်။

အာရှ၏ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ဖြစ်ပွားမှု အများဆုံးအနက် တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွက် ကောင်းမွန်သည့် အပြောင်းအလဲကို မျိုးဆက်သစ်များအတွက် ဖော်ဆောင်နိုင်သည့် မှတ်တိုင်တစ်ရပ်လည်းဖြစ်သည်။

ရာဇဝတ်သားများကို ပြည်သူများက စီရင်သတ်ဖြတ်ခွင့်ရှိဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ဒူတာတေး ဆို

1465178580855

ရာဇဝတ်သားများကို ပြည်သူလူထုက ၎င်းတို့ဖာသာ ကွပ်မျက်စီရင်ခြင်းကို အားပေး ထောက်ခံသွားမည်ဟု ဖိလစ်ပိုင် သမ္မတသစ် ဖြစ်လာမည့် ရိုဒရီဂို ဒူတာတေးက ပြောကြားလိုက်သည်။

တူရကီတွင် ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၁၁ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရ

Bomb-attack

တူရကီနိုင်ငံ အစ္စတန်ဘူလ် မြို့လယ်တွင် ဇွန်လ ၇ ရက်က ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ရဲကားတစ်စီး ပျက်စီးသွားပြီး ရဲများအပါအ၀င် ၁၁ ဦး သေဆုံးသွားကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ယခုကဲ့သို့ ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အခြား ၃၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် အတားအဆီးများ လျှော့ချရေး တရုတ်ကို အမေရိကန် တိုက်တွန်း

13346123_1716750098565491_5233017665179618871_o

ပေကျင်း ဇွန် ၇

နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အတားအဆီးများလျှော့ချပေးရန် အင်္ဂါနေ့တွင် အမေရိကန်ထိပ်တန်းအရာရှိ တစ်ဦးက တရုတ်ကိုထပ်မံ၍ တိုက်တွန်း ပြောဆိုခဲ့သည်။

နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စများတွင် နိုင်ငံခြားကုမ္ပဏီများကို အဓိကထား၍ အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပင်လယ်ရပ်ခြား နည်းပညာ အသုံးပြုမှုကိုလည်း အမျိုးသား လုံခြုံရေးဥပဒေအရ ကန့်သတ်ချက်များ ထားရှိခြင်းနှင့် အကာအကွယ် ပေးသူအဖွဲ့အစည်းများ၏ စောင့်ကြည့် မှုများနှင့်လည်း ကြုံတွေ့နေရသည်။

ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ဟီလာရီကလင်တန် ရွေးချယ်ခံရ

Helaryee-kalintan

နယူးယောက်၊ ဇွန် ၇

အမေရိကန်သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီက ဟီလာရီကလင်တန်အား လိုအပ်သော ကိုယ်စားလှယ် အရေအတွက် ရရှိ၍ အပြီးသတ် ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ပါတီတွင် ၎င်းအတွက် ကိုယ်စားပြုထောက်ခံသူပေါင်း ၂၃၈၃ ရရှိ၍ ဟီလာရီအနေဖြင့် ချွင်းချက်မရှိ ရွေးချယ်ခံရခြင်း ဖြစ်သည်။

သပိတ်မှောက်နေသူများ ယူရိုပြိုင်ပွဲကို မနှောင့်ယှက်ရဟု ပြင်သစ်သမ္မတ ပြောကြား

French President Francois Hollande delivers a speech during an international and interministerial conference in a bid to revive the Israeli-Palestinian peace process, in Paris, France, June 3, 2016.   REUTERS/Stephane de Sakutin/Pool

သောကြာနေ့တွင် ပြင်သစ်နိုင်ငံ၌ စတင်ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ပို့ဆောင်ရေးလုပ်သားများ သပိတ် က အနှောင့်အယှက် ဖြစ်စေမည်ဆိုပါက နားမလည်နိုင်ဖြစ်ရလိမ့်မည်ဟု သမ္မတဟော်လန်ဒီက ပြောကြားလိုက်သဖြင့် တိုက်ပွဲဝင်လိုသော CGT သမဂ္ဂအနေဖြင့် ယင်းလုပ်ရပ်ကို ရပ်တန့်ရေး ဖိအားများ မြင့်တက်လာသည်။