အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်သဖြင့် ဂျပန် ကန့်ကွက်

China-over-ship

ပေကျင်း၊ ဇွန် ၉

အရှေ့တရုတ်ပင်လယ်ပြင်ရှိ အငြင်းပွားကျွန်းသို့ တရုတ်သင်္ဘောရွှက်လွှင့်ခဲ့သဖြင့် တိုကျိုရှိ တရုတ်သံအမတ်ကြီးအား ဂျပန်က ကန့်ကွက်ကြောင်း ပြောဆိုသည်။

အငြင်းပွားနေသည့် လူမနေသော ကျွန်းများကို ဂျပန်က ရှင်ကာကုကျွန်းစုဟု ခေါ်ကာ တရုတ်ဖက်က ဒိုင်အိုယု ကျွန်းစုများအဖြစ် ခေါ်သည်။

တစ်ချိန်တည်းတွင် ယင်းရေပြင်အတွင်း ရုရှရေတပ်သင်္ဘောများကိုလည်း တွေ့ရှိကြောင်း ဂျပန်ပြည်တွင်းများတွင် ဖော်ပြသည်။

အဆိုပါ ကျွန်းစုများကို ဂျပန်က ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည့်နောက်ပိုင်းတွင် တရုတ်နှင့် နှစ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းဆိုးရွားလာခဲ့သည်။

ယင်းကျွန်းစုများက သင်္ဘောလမ်းကြောင်းအနီးတွင် ရှိ၍ အရေးပါသော တည်နေရာဖြစ်ပြီး ငါးအရင်းအမြစ်ကြွယ်ဝကာ ရေနံနှင့် သဘာဝဓာတ်ငွေ့လည်း ခိုအောင်းနေဖွယ်ရှိသည်။

“ဇွန် ၈ ရက် ဂရင်းနစ်စံတော်ချိန် ၁၅ နာရီခွဲလောက်က ကျွန်တော်တို့နိုင်ငံပိုင် ရေပိုင်နက်အတွင်း တရုတ် သင်္ဘော တစ်စီး ၀င်ရောက်ကာ ကျွန်းစုကို လှည့်ပတ် ခုတ်မောင်းခဲ့ကြောင်း” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ြပန်လိုက် သည်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အကီတာကာဆိုင်ကီက တရုတ်သံအမတ်ကြီး ချန်ယောင်ဟွာအား သမ္မန် ဆင့်ခေါ်ထားသည်။

BBC Burmese


Leave a Reply