အမေရိကန်နှင့် အိန္ဒိယလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်သဘောတူ

13415540_1717165838523917_1514212032687397166_o

ဝါရှင်တန် ဇွန် ၈

အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်တွင် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ရန် အမေရိကန် နှင့် အိန္ဒိယတို့က သဘောတူခဲ့သည်။ နှစ်နိုင်ငံသည် တရုတ်၏ ရေကြောင်း လှုပ်ရှားမှုများကို ထိန်းသိမ်းရန် သိသိ သာသာ ပြသလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် အင်္ဂါနေ့က အိမ်ဖြူတော်၌ တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် ယခုနှစ်ဧပြီလက သဘောတူညီထားသော ဒေသတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုခဲ့ကြသည်။

အမေရိကန်နှင့် အိန္ဒိယတို့သည် ၂ဝဝ၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အိန္ဒိယတွင် နျူကလီးယား ဓာတ်ပေါင်းဖို ခြောက်ခု တည်ဆောက်ရေးအတွက် ၂ဝ၁၇ ခုနှစ်ဇွန်လတွင် အပြီးသတ်ရန် သဘောတူခဲ့သည်။

တွေ့ဆုံမှုအပြီး က္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှစ်နိုင်ငံသည် ကဏ္ဍတိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အိုဘားမားက ပြောခဲ့သည်။

မိုဒီကလည်း နှစ်နိုင်ငံ၏ မိတ်ရင်း ဆွေရင်း ဆက်ဆံရေးအပေါ် ဂုဏ်ယူမိ ကြောင်းပြောခဲ့သည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply