မိုဆူးလ်မြို့အနီးတွင် အီရတ်တပ်ဖွဲ့များနှင့် အိုင်အက်စ်တို့တိုက်ခိုက် စစ်သွေးကြွ ၄၅ ဦးသေဆုံးဟု အီရတ် စစ်ဘက်ပြောကြား

45327527

မိုဆူးလ် ဇွန် ၈

အစ္စလာမ္မစ်နိုင်ငံတည်ထောင်ရေးအဖွဲ့ (အိုင်အက်စ်)တို့ သိမ်းယူထားသော မိုဆူးလ်မြို့တောင်ဘက်ပိုင်းရှိ ကျေးရွာများတွင် တည်ရှိသော အီရတ်လုံခြုံရေး တပ်ဖွဲ့ စခန်းများအား အိုင်အက်စ်စစ်သွေးကြွများ၏ တိုက်ခိုက် လာခြင်းကို အီရတ်လုံခြုံရေးတပ်ဖွဲ့များက တွန်းလှန်တိုက်ထုတ်ခဲ့ပြီး စစ်သွေးကြွ ၄၅ ဦး သေဆုံးသွားကြောင်း အီရတ်စစ်ဘက်က ပြောကြားသည်။

အသေခံဗုံးဖောက်ခွဲရေးသမားများနှင့် ဗုံးများတင် ဆောင်လာသည့် ကားများအပါအဝင် အိုင်အက်စ်စစ်သွေး ကြွဦးရေ ဒါဇင်များစွာတို့သည် ဇွန် ၇ ရက်တွင် မိုဆူးလ် မြို့၏တောင်ဘက် စစ်သွေးကြွများ သိမ်းယူထားသည့် ကွေရာယာ မြို့အနီးမှ အီရတ်တပ်ဖွဲ့များ စခန်းချထားသော ကျေးရွာများအား စုပြုံဝန်းရံကာ တိုက်ခိုက်ခဲ့ သော်လည်း အီရတ် လုံခြုံရေး တပ်ဖွဲ့များနှင့် ၄င်းတို့၏ မဟာမိတ်ဆွန်နီ လူမျိုးနွယ်စုဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ၄င်းတို့အား ခုခံတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ကြောင်း နင်ဗက်ရှ်ပြည်နယ် လွတ်မြောက်ရေး စစ်ဆင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဖီယာ့စ်ဆာဘရီက ပြောကြားသည်။

အကြမ်းဖက်စစ်သွေးကြွများနှင့် တိုက်ခိုက်မှုဖြစ်ပွား ပြီးသည်အထိ မိမိတို့တပ်ဖွဲ့များအား အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းလေတပ်ဖွဲ့မှ စစ်လေယာဉ်များ နှင့် အမြောက်ကြီးများပစ်ခတ်မှုများ အထောက်အကူရရှိခဲ့ကြောင်း ၄င်းက ပြောကြားသည်။

ဆင်ဟွာ။
The Mirror Daily


Leave a Reply