ရက်ပိုင်းအတွင်း လှေစီးရွှေ့ပြောင်းသူ ၇၀၀ ကျော် ရေနစ် သေဆုံး

Tranfer-Ship

ကုလသမဂ္ဂ၊ မေ ၃၀

လစ်ဗျားကမ်းလွန်တွင် လှေမှောက်ရေနစ်မြုပ်၍ သေဆုံးသူ ရွှေ့ပြောင်းဦးရေသည် ရက်ပိုင်းအတွင်း ၇၀၀ ကျော် ရှိခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောသည်။

အီတလီတောင်ပိုင်းတွင် မေ ၂၅၊ ၂၆၊ ၂၇ ရက်များတွင် ဥရောပသို့ ၀င်ရောက်ရန်ကြိုးစားသည့် ရွှေ့ပြောင်းသူများ၏ လှေများနစ်မြုပ်ခဲ့ရာခြင်းဖြစ်သည်။

လူမှုကွန်ယက်ပေါ်က အချက်အလက်တွေ အပ်နှံဖို့ နိုင်ငံခြားကုမ္ပဏီတွေကို အီရန်ညွန်ကြား

537837837

လူမှုကွန်ယက်ပေါ်က အချက်အလက်တွေ အပ်နှံဖို့ နိုင်ငံခြားကုမ္ပဏီတွေကို အီရန်ညွန်ကြား

 

နိုင်ငံခြား လူမှုကွန်ယက်တွေ အနေနဲ့ သူတို့ရဲ့ ကွန်ယက်တွေကို သုံးနေကြတဲ့ အီရန်နိုင်ငံသားတွေရဲ့ အချက်အလက် အားလုံးကို တနှစ်အတွင်း အီရန်အစိုးရကို လွဲပြောင်းပေးရတော့မှာ ဖြစ်ပါတယ်။

အီရတ်တပ်ဖွဲ့ဝင်များ ဖော်လူဂျာမြို့ကိုသိမ်းပိုက်နိုင်ရန်နီးစပ်

13268351_1712989362274898_246227198019546673_o

ဘဂ္ဂဒက် မေ ၂၉

အီရတ်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်စစ်သွေးကြွများလက်ထဲမှ အီရတ်နိုင်ငံအလယ်ပိုင်း ဖော်လူဂျာမြို့ကို သိမ်းပိုက် နိုင်ရန် နီးစပ် လာကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံသို့ လေကြောင်းခရီးစဉ်များ ဆိုင်းငံ့

c087940b13c0

ဓာတ်ပုံ- အေအက်ဖ်ပီ

ဂျာမနီလေကြောင်းလိုင်း Lufthansa က ဗင်နီဇွဲလား စီးပွားရေးအကျပ်အတည်းများကြောင့် ဇွန်လ ၁၈ ရက်ကစ၍ ဗင်နီဇွဲလားနိုင်ငံသို့ လေကြောင်းခရီးစဉ်များကို ယာယီဆိုင်းငံ့သွားမည်ဟု မေလ ၂၈ ရက်တွင် ကြေညာသည်။

ဗင်နီဇွဲလားနိုင်ငံ၌ ငွေကြေးထိန်းချုပ်မှုများကြောင့် လေကြောင်းလိုင်းများအနေဖြင့် ၎င်းတို့ရရှိသော ပြည်တွင်း ငွေများကို ဒေါ်လာသို့ပြောင်းရန်နှင့် ပြည်ပပြန်ပို့ရန် မဖြစ်နိုင်ကြောင်း Lufthansa ကုမ္ပဏီက ပြောသည်။

ဂျာမနီနိုင်ငံရောက်ဒုက္ခသည်များ ဂျာမန်ဘာသာသင်ယူရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းမည်

Thomas De Maziere

ဂျာမနီနိုင်ငံတွင် ရောက်ရှိနေကြသော စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် နိုင်ငံအတွင်း အလုပ် အကိုင်ရှာဖွေရာတွင် လွယ်ကူစေရန်နှင့် ဂျာမနီလူမှုအဖွဲ့အစည်း များနှင့် ဝင်ဆံ့နိုင်စေရန် ရည်ရွယ်သည့်အနေဖြင့် ဂျာမနီအစိုးရက ၎င်းတို့အား ဂျာမန်ဘာသာစကား သင်ယူနိုင်ရေး ဥပဒေတစ်ရပ် ထုတ်ပြန်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ဂျာမန်အစိုးရအဖွဲ့က အဆိုပါဥပဒေတစ်ရပ်ကို မေလ (၂၅) ရက်တွင် အတည်ပြုခဲ့သည်။

အင်ဒိုတွင် သက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံး သေဒဏ်ထိ စီရင်နိုင်မည့် ဥပဒေသစ်ကို အတည်ပြု

ကလေးသူငယ် မုဒိမ်းမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်စီရင်မှုများကို အင်ဒိုတွင် ပိုမိုပြင်းထန်ထိရောက်အောင် ပြောင်းလဲခဲ့ရာ သေဒဏ် စီရင်မှု၊ ဓာတုနည်းဖြင့် သင်းကွပ်မှုတို့ ပါဝင်လာသည်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု အပါအဝင် အရွယ်မရောက်သေးသူများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်လာသည့်နောက် ယခုလို ပြစ်ဒဏ်တိုးမြှင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးကို ပစ်မှတ်ထားကာ ကမ္ဘာ့ခေါင်းဆောင်များ ဂျီ-၇ အစည်းအဝေး စတင်

49874944168498

တိုကျို၊ မေ ၂၆

ကမ္ဘာ့စီးပွားရေးအားနည်းမှု၊ အစွန်းရောက်အကြမ်းဖက်မှုများအန္တရာယ်၊ ဒုက္ခသည်များအရေး၊ တရုတ်ရေပိုင်နက် အတည်ပြုမှုများနှင့် ဥရောပမှ ဗြိတိန်ထွက်ခွာသွားနိုင်သည့် အရေးကိစ္စများနှင့်အတူ ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ရက်တာ ဂျီ-၇ အစည်းအဝေးကို ဂျပန်တွင် မေ ၂၆ ရက်၌ စတင်ကျင်းပပြီဖြစ်သည်။

စစ်အင်အားတောင့်တင်းရေး အာဆီယံဝန်ကြီးတွေ ဆွေးနွေး

7537878387

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က စတင်ကျင်းပရာမှာ တောင်တရုတ် ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှု အတွက် အငြင်းပွားနေတဲ့ ကိစ္စဟာလည်း အဓိက ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။

ပြည်နယ် ၁၁ခုက အိုဘားမား အစိုးရကိုတရားစွဲ

4275375374

အိုဘားမားအစိုးရကို ပြည်နယ်တွေက တရားစွဲ

သမ္မတအိုဘားမားအစိုးရက လိင်ပြောင်းထားသူတို့ရဲ့ အခွင့်အရေးကို ပိုပေးဖို့ကြိုးပမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်၁၁ခုတို့က အစိုးရကို တရားစွဲဆို လိုက်ပါတယ်။ အခုလထဲမှာပဲ သမ္မတ အိမ်ဖြူတော်ကနေ ကျောင်းသူ ကျောင်းသား အားလုံးဟာသူတို့ရဲ့ သွင်ပြင် လက္ခဏာနဲ့ ကိုက်ညီတဲ့အတိုင်း အိမ်သာ သုံးစွဲခွင့်ပြု လိုက်ပါတယ်။ ဒီလိုအမိန့် ထုတ်လိုက်တာဟာ လူမှုရေးအရ ကြီးမားတဲ့လက်တွေ့ စမ်းသပ်မှုလို့ ပြည်နယ်တွေက ပြောပါတယ်။

ဂျပန်ငွေကြေးအကူအညီဖြင့် အင်ဒိုနီးရှားဆိပ်ကမ်းတည်ဆောက်မည်

13243861_1711193029121198_5546923046866097225_o

ဂျကာတာ မေ ၂၅

ဂျကာတာအရှေ့ပိုင်းတွင် ဆိပ်ကမ်းသစ် တစ်ခုကို ဂျပန်နှင့်အတူ တည်ဆောက် ရန် အင်ဒိုနီးရှားက ဆုံးဖြတ်လိုက်ပြီး အဆိုပါဆိပ်ကမ်းကို ဂျပန်နိုင်ငံချေးငွေ ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို သည် ဂျီ-၇ ထိပ်သီးအစည်းအဝေး တက်ရောက်စဉ် ဂျပန်နှင့် အဆိုပါကိစ္စကို တရားဝင် ဆွေးနွေးသွားဖွယ်ရာရှိသည်။