ကလေးအကျဉ်းသားများကို လွှတ်ပေးရန် ယီမင်နိုင်ငံတွင် စစ်ခင်းနေသောအဖွဲ့များ သဘောတူ

ယီမင်နိုင်ငံ၌ တစ်နှစ်ကျော်ကြာ ပြည်တွင်းစစ်ဆင်နွှဲနေသော အဖွဲ့များက ၎င်းတို့ ထိန်းသိမ်းထားသည့် ကလေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် သဘောတူခဲ့ကြသည်ဟု ကူဝိတ် နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညှိနှိုင်းနေသော ကုလအထူးကိုယ်စားလှယ် အစ္စမေးလ်အော် ချိတ်အာမက်က တွစ်တာစာမျက် နှာ၌ ရေးသားခဲ့သည်။

‘‘ကလေးတွေကို ကွင်းလုံးကျွတ်လွှတ်ပေးဖို့ သဘောတူလိုက်ပါပြီ။ လွှတ်မယ့်အစီအစဉ်တွေကိုတော့ ရှေ့လာမယ့်ရက် တွေမှာ ဖြေရှင်းသွားပါမယ်’’ ဟု ချိတ်အာမက်ကပြောသည်။

သြစတြေးလျမုန်တိုင်းကြောင့် လူသုံးဦးသေဆုံး အိမ်များပြိုပျက်မှု အန္တရာယ်နှင့်ရင်ဆိုင်နေရ

13391620_1716313208609180_5259070669005735364_o

ဆစ်ဒနီ ဇွန် ၆

သြစတြေးလျအရှေ့ဘက်ကမ်းခြေတစ်လျှောက် အင်အားပြင်းမုန်တိုင်းဝင်ရောက် ပြီးနောက် လူသုံးဦး သေဆုံးခဲ့ ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဇွန် ၆ ရက်က ဖော်ပြခဲ့သည်။

နယူးဆောက်သ်ဝေးလ်တောင်ဘက် ဗစ်တိုးရီးယားနှင့် တက်စ်မေးနီးယားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ ဆက်လက်တိုက်ခတ်လျက်ရှိကြောင်း သိရ သည်။

အမေရိကန် ဂျာနယ်လစ် အာဖဂန်တွင် အသတ်ခံရ

US-journalist-and-translator-killed-in-Afghan-ambush

ကဘူးလ်၊ ဇွန် ၆

အာဖဂန်နစ္စတန်တောင်ပိုင်း ဟေးမန့်ပြည်နယ်တွင် အမေရိကန်ဂျာနယ်လစ်နှင့် စကားပြန်တစ်ဦး အသတ်ခံရသည်။

NPR သတင်းဌာနက ဒေးဗစ်ဂျီကေးနှင့် စကားပြန်ဖြစ်သူ ဇာဘီဟူလက်ရှ်တို့က အာဖဂန်စစ်တပ်နှင့်အတူ လိုက်ပါသတင်းယူစဉ် အမြောက်ဖြင့် စီးနင်းလာသည့် ကား တိုက်ခိုက်ခံ ရ၍ သေဆုံးခြင်းဖြစ်ကြောင်း NPR သတင်းဌာနက ပြောသည်။ ကားဒရိုင်ဘာနှင့် အာဖဂန်စစ်သားတစ်ဦးတို့လည်း သေဆုံးသည်။

ဘယ်ဂျီယမ်တွင် ခရီးသည်ရထားက ကုန်တင်ရထားကို ၀င်တိုက်၍ လူ သုံးဦးသေဆုံးကာ ၄၀ ကျော် ဒဏ်ရာရ

Three-dead-and-40-injured-in-Belgium-train

ဘရပ်ဆဲလ်၊ ဇွန် ၆

ဘယ်ဂျီယမ်နိုင်ငံ ဟာမယ်လီဆော့ဟေး မြို့အနီးတွင် ရထားတိုက်မှုဖြစ်၍ လူသုံးဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာ ရကြောင်း မြို့တော်ဝန်က ပြောသည်။

ခရီးသည်တင်ရထာားက အရှိန်ဖြင့် ခုတ်မောင်းစဉ် ကုန်တင်ရထားတစ်စင်း၏ နောက်တွဲကို ၀င်တိုက်ခြင်းဖြစ်ကြောင်း ရထားလမ်းပိုင်ဆိုင်ရာ မန်နေဂျာက ပြောသည်။

သံလမ်းတစ်လမ်းတည်းပေါ်တွင် ရှိနေခြင်းကြောင့် ယင်းတို့ဝင်တိုက်မိခြင်းဖြစ်ကြောင်း ဆိုသည်။

အိုဘားမားဦးဆောင်သည့် နိုင်ငံတကာပုဂ္ဂိုလ်များ မိုဟာမက်အလီကို ဂုဏ်ပြု

1446

အကျော်ဇေယျ လက်ဝှေ့သမားကြီး မိုဟာမက်အလီကို ၎င်း၏ မွေးရပ်မြို့ လူးဝစ်ဗီလ်တွင် နောက်ဆုံးနုတ်ဆက်ရန် ပြင်ဆင် နေကြစဉ် ၎င်းကို အမေရိကန် သမ္မတ ဘားရက်အိုဘားမားဦးဆောင်သည့် ကမ္ဘာတစ်ဝန်းမှ ထင်ရှားသော ပုဂ္ဂိုလ်များက ဂုဏ်ပြုခဲ့ကြသည်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု သုံးကြိမ်ရရှိပြီး အားကစားလောကထက် ကျော်လွန်၍ ထင်ရှားခဲ့သည့် ပြည်သူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အလီသည် ဗဟိုအာရုံကြောစနစ် ချို့ယွင်းမှုရောဂါကို ကြာမြင့်စွာ ခံစားခဲ့ရပြီး အသက် (၇၄) နှစ်အရွယ်၌ သောကြာနေ့က ကွယ်လွန်သွားခဲ့သည်။

နယူးဒေလီဆေးရုံမှ ကျောက်ကပ်ရောင်းဝယ်ရေးဂိုဏ်းအား ဖမ်းဆီး

160212181944-surgery-exlarge-169

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှ ထင်ရှားသော ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် လူသားတို့၏ ကျောက်ကပ်များအား တရားမ၀င် ရောင်းဝယ်နေသော အဖွဲ့ကို ဖော်ထုတ်လိုက်သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောကြားသည်။

Apollo ဆေးရုံ၏ ၀န်ထမ်းနှစ်ဦးအပါအ၀င် ယခုအချိန်ထိ လူငါးဦးကို ဖမ်းဆီးထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ဟာဝိုင်အီ၌ လုပ်ဆောင်မည့် အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုတွင် တရုတ် ပါဝင်ဦးမည်ဟု ဆို

China-confirms

ပေကျင်း၊ ဇွန် ၃

အမေရိကန် ဟာဝိုင်အီပြည်နယ်၌ နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုနှစ်တွင်လည်း တရုတ်စစ်တပ်က စစ်သင်္ဘောငါးစီး စေလွှတ်သွားမည် ဖြစ်သည်။

ဂျာနယ်လစ်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် အကာအကွယ် မပေးနိုင်ဟု ဖိလစ်ပိုင် သမ္မတသစ် ပြော

437378377376

ဒါဗာအို၊ ဇွန် ၃

နိုင်ငံတွင် သတင်းစာဆရာ ဂျာနယ်လစ်များ၏ လုံခြုံရေးအတွက် အာမခံနိုင်ခြင်း မရှိကြောင်းနှင့် မိမိကိုယ်ကိုယ်သာ ကာကွယ်ကြရန် ဖိလစ်ပိုင် ရွေးကောက်ခံ သမ္မတသစ် ရိုဒရီဂို ဒူတာတေးက သတိပေးပြောကြားလိုက်သည်။ ယင်းနိုင်ငံတွင် ယခင်နှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများရှိနေသော ဂျာနယ်လစ်များ အသတ်ခံထားရသည့် ဖြစ်စဉ်များစွာ ဖြစ်ပွားထားခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်ကိစ္စများ အမေရိကန်နှင့် မသက်ဆိုင်ကြောင်း တရုတ် ပြော

13325625_1714571522116682_6085333344117540958_n

ပေကျင်း ဇွန် ၂

အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် ၄င်း၏မူဝါဒများဖြင့် မဆုံးဖြတ်သင့်ကြောင်း၊ အငြင်းပွားကျွန်းများတွင် ဘက်လိုက်မှု မပြုဟုဆိုသည့် ကတိကို တည်သင့်ကြောင်း ထိပ်တန်းတရုတ်သံအမတ် တစ်ဦးက တရုတ်-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမတိုင်မီ ကြာသပတေးနေ့က ပြောခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်ထိန်းချုပ်ထားရာကျွန်းများအနီး အမေရိကန်စစ်ဘက်ဆိုင်ရာလှည့်ကင်းများ ဆောင်ရွက်နေမှုကို တရုတ်နိုင်ငံဘက်မှ အလိုမကျမှုများ ဖြစ်ပေါ်နေသည်။

တောထဲ ချန်ထားခံရတဲ့ ၇ နှစ်ကလေးကို ပြန်တွေ့ပြီ

lost-japan-boy-found-after-7-days-mthai

ဂျပန်နိုင်ငံက ​မိဘနှစ်ပါးက ​ကလေးကို ​အပြစ်ပေးတဲ့အနေနဲ့ ​အသက် ​၇ ​နှစ်အရွယ် ​ကလေးကို ​တောထဲ ​ချန်ထားရာက ​စနေနေ့ကတည်းက ​ပျောက်ဆုံးသွားတဲ့ ​ကလေးငယ်ကို ​အသက်ရှင်လျက် ​ပြန်တွေ့ရပြီ ​ဖြစ်ပါတယ်။

အဲဒီကလေးဟာ ​မိဘပြောစကားကို ​နားမထောင်လို့ ​မိဘတွေက ​အပြစ်ပေးတဲ့အနေနဲ့ ​ချန်ထားတာ ​ဖြစ်ပြီး ​ပြန်လာရှာတဲ့အခါမှာ ​မတွေ့လို့ ​စနေနေ့ကစပြီး ​ရှာဖွေမှု ​ပြုလုပ်နေကြတာ ​ဖြစ်ပါတယ်။