တောထဲ ချန်ထားခံရတဲ့ ၇ နှစ်ကလေးကို ပြန်တွေ့ပြီ

lost-japan-boy-found-after-7-days-mthai

ဂျပန်နိုင်ငံက ​မိဘနှစ်ပါးက ​ကလေးကို ​အပြစ်ပေးတဲ့အနေနဲ့ ​အသက် ​၇ ​နှစ်အရွယ် ​ကလေးကို ​တောထဲ ​ချန်ထားရာက ​စနေနေ့ကတည်းက ​ပျောက်ဆုံးသွားတဲ့ ​ကလေးငယ်ကို ​အသက်ရှင်လျက် ​ပြန်တွေ့ရပြီ ​ဖြစ်ပါတယ်။

အဲဒီကလေးဟာ ​မိဘပြောစကားကို ​နားမထောင်လို့ ​မိဘတွေက ​အပြစ်ပေးတဲ့အနေနဲ့ ​ချန်ထားတာ ​ဖြစ်ပြီး ​ပြန်လာရှာတဲ့အခါမှာ ​မတွေ့လို့ ​စနေနေ့ကစပြီး ​ရှာဖွေမှု ​ပြုလုပ်နေကြတာ ​ဖြစ်ပါတယ်။

ကလေးကို ​ဂျပန်နိုင်ငံမြောက်ပိုင်း ​ဝက်ဝံတွေ ​ရှိတဲ့ ​တောထဲ ​ချန်ထားတဲ့အတွက် ​ကလေးရဲ့ ​အသက်အန္တရာယ်ကို ​စိုးရိမ်ကြပေမယ့် ​တပတ်နီးပါး ​အကြာမှာ ​ပြန်တွေ့ကြတာ ​ဖြစ်ပါတယ်။

ကလေးကို ​အသက်ရှင်လျက် ​ပြန်တွေ့ရပြီဆိုတာကိုသာ ​သိရပြီး ​ကလေးရဲ့ ​အခြေအနေ ​ဘယ်လို ​ရှိသလဲ ​ဆိုတာကိုတော့ ​မသိရသေးဘူးလို့ ​ကူညီကယ်ဆယ်ရေး ​သမားတစ်ယောက်က ​ပြောပါတယ်။

ပြန်တွေ့ရှိတဲ့ ​ကလေးက ​သူ့ကိုယ်သူ ​Yamato ​Tanooka ​လို့ ​ပြောဆိုပြီး ​ပျောက်ဆုံးနေတဲ့ ​ကလေးရဲ့ ​နာမည် ​ဖြစ်ပါတယ်။ အစားအစာနဲ့ ​ရေတွေ ​ငတ်မွတ်ခဲ့ရတယ် ​ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။

မိဘတွေကတော့ ​တောထဲမှာ ​စားစရာတွေ ​လိုက်ရှာရင်း ​ကလေးက ​ပျောက်ဆုံးသွားတာလို့ ​လိမ်ညာခဲ့ကြပေမယ့် ​နောက်ပိုင်းမှာ ​စကားနားမထောင်လို့ ​တောထဲ ​ချန်ထားခဲ့ကြတာလို့ ​ဝန်ခံကြပါတယ်။

ကလေးက ​တခြားလူတွေနဲ့ ​တခြားကားတွေကို ​ကျောက်ခဲတွေနဲ့ ​ပစ်ပေါက်တာကို ​အပြစ်ပေးတဲ့အနေနဲ့ ​ချန်ထားခဲ့တာ ဖြစ်ပြီး ​မီတာ ​၅၀၀ ​လောက်သွားပြီး ​ပြန်လာတဲ့အခါမှာတော့ ​ကလေး ​မရှိတော့ဘူးလို့ ​ဆိုပါတယ်။

ဒေသခံတွေကတော့ ​အဲဒီဒေသဟာ ​အင်မတန် ​ခေါင်တဲ့ဒေသဖြစ်ပြီး ​လူသွားလူလာ ​ရှားတဲ့ဒေသ ​ဖြစ်တယ်လို့ ​ပြောပါတယ်။ ကလေးငယ်ကို ​လူပေါင်း ​၂၀၀ ​လောက် ​ရက်ဆက်ဆိုသလို ​ရှာဖွေနေရတဲ့အတွက် ​သူတို့ရဲ့ ​လုပ်ရပ်အပေါ် ​တောင်းပန်တယ်လို့လည်း ​ကလေးရဲ့ ​ဖခင်က ​သတင်းမီဒီယာတွေကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia


Leave a Reply