သြစတြေးလျမုန်တိုင်းကြောင့် လူသုံးဦးသေဆုံး အိမ်များပြိုပျက်မှု အန္တရာယ်နှင့်ရင်ဆိုင်နေရ

13391620_1716313208609180_5259070669005735364_o

ဆစ်ဒနီ ဇွန် ၆

သြစတြေးလျအရှေ့ဘက်ကမ်းခြေတစ်လျှောက် အင်အားပြင်းမုန်တိုင်းဝင်ရောက် ပြီးနောက် လူသုံးဦး သေဆုံးခဲ့ ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဇွန် ၆ ရက်က ဖော်ပြခဲ့သည်။

နယူးဆောက်သ်ဝေးလ်တောင်ဘက် ဗစ်တိုးရီးယားနှင့် တက်စ်မေးနီးယားတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ ဆက်လက်တိုက်ခတ်လျက်ရှိကြောင်း သိရ သည်။

ဆစ်ဒနီကော်လာရီကမ်းခြေ ရေတိုက်စားမှုကြောင့် ပြိုကျမှုအ္တရာယ်နှင့် ရင်ဆိုင်နေရပြီး အိမ်ထောင်စုများကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ပေးလျက်ရှိသည်။ ယင်းလူနေအိမ်များ၏ တန်ဖိုးမှာလည်း ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခံထားခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ယင်းအိုးအိမ်များကို လက်လွှတ်ရတော့မည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

တစ်ပတ်အတွင်း နယူးဆောက်သ်ဝေးလ်ပြည်နယ်ရှိ အိမ်ပေါင်း ၈၆ဝဝဝ မှာလည်း မုန်တိုင်းကြောင့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ တနင်္လာ နေ့ကလည်း ကန်ဘာရာအနီး ကော့တာမြစ်အနီးတွင် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ရပြီး ¤င်းသည်ရေလွှမ်းမိုးနစ်မြုပ်ခံခဲ့ရခြင်း ဖြစ်သည်။

အခြားနှစ်ဦးအလောင်းများကိုလည်း ကားများအတွင်း ရဲများကတွေ့ခဲ့သည်။ ¤င်းတို့မှာ ရေစီးကြောင့် ကားများ မျောပါသွားရာအတွင်းတွင် ပိတ်မိသေဆုံးနေခြင်း ဖြစ်သည်။ ရေကြီးမှု သတိပေးချက်များကိုလည်း ပြည်နယ်အတော် များများတွင် ထုတ်ပြန်ထားသည်။ မြောက်ပိုင်း တက်စ်မေးနီးယားသည် ဆယ်စုနှစ်များအတွင်း ရေလွှမ်းမိုးမှု ဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရကြောင်း သိရသည်။

(ဘီဘီစီ)