ကလေးအကျဉ်းသားများကို လွှတ်ပေးရန် ယီမင်နိုင်ငံတွင် စစ်ခင်းနေသောအဖွဲ့များ သဘောတူ

ယီမင်နိုင်ငံ၌ တစ်နှစ်ကျော်ကြာ ပြည်တွင်းစစ်ဆင်နွှဲနေသော အဖွဲ့များက ၎င်းတို့ ထိန်းသိမ်းထားသည့် ကလေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန် သဘောတူခဲ့ကြသည်ဟု ကူဝိတ် နိုင်ငံတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညှိနှိုင်းနေသော ကုလအထူးကိုယ်စားလှယ် အစ္စမေးလ်အော် ချိတ်အာမက်က တွစ်တာစာမျက် နှာ၌ ရေးသားခဲ့သည်။

‘‘ကလေးတွေကို ကွင်းလုံးကျွတ်လွှတ်ပေးဖို့ သဘောတူလိုက်ပါပြီ။ လွှတ်မယ့်အစီအစဉ်တွေကိုတော့ ရှေ့လာမယ့်ရက် တွေမှာ ဖြေရှင်းသွားပါမယ်’’ ဟု ချိတ်အာမက်ကပြောသည်။

အီရန်မဟာမိတ် ဟိုသီအဖွဲ့ နှင့် ဆော်ဒီအာရေးဗီးယား ကျောထောက်နောက်ခံပြု ယီမင်အစိုးရ တို့သည် အနည်းဆုံး လူပေါင်း ၆,၂၀၀ သေဆုံးခဲ့ပြီး အာရေးဗီးယား ကျွန်းဆွယ်ရှိ အဆင်းရဲဆုံး နိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကျပ်အတည်း ဖြစ်စေခဲ့သည်။

စစ်ပွဲအဆုံးသတ်ရေး ရည်မှန်း၍ ငြိမ်းချမ်းရေးသဘောတူညီ ချက်ရရှိရန် ကြိုးစားနေကြသည်။

ယခု ကုလအထူးကိုယ်စားလှယ်၏ ကြေညာချက်နှင့် ပတ်သက်၍ ကူဝိတ်ရှိ နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ များထံမှ လက်တလော မည်သည့် မှတ်ချက်မျှ ထွက်ပေါ်မလာသေးပေ။

ကလေးစစ်သား မည်မျှ ထိန်းသိမ်းထားသည် ဆိုခြင်းကိုလည်း မသိရဟု ရိုက်တာသတင်း က ဖော်ပြသည်။

-Ref: Reuters


Leave a Reply