ခိုလှုံခွင့်တောင်းခံသော ဒုက္ခသည်များကို ဆက်လက်လက်ခံမည်ဟု သမ္မတအိုဘားမား ပြော

13495116_1040316266061260_5156314577840035906_n

ဝါရှင်တန် ဇွန် ၂၁

အမေရိကန်ပြည်ထောင်စုသည် ခိုလှုံခွင့် တောင်းခံမည့်ဒုက္ခသည်များကို ဆက်လက် ကြိုဆိုသွားမည်ဖြစ်ကြောင်း သမ္မတဘာရတ် အိုဘားမားက ဇွန် ၂ဝ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုအတွင်း ဒုက္ခသည်များ လက်ခံခြင်းကို ကန့်ကွက်သည့် နိုင်ငံရေးစကားဝိုင်းများ၏ အသံဗလံများ ပိုမိုကျယ်လောင်လာနေချိန်တွင် သမ္မတ အိုဘားမားက အထက်ပါအတိုင်းပြောကြား ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်လာနိုင်ခြေအတွက် ဂျပန်စစ်တပ်ကို တပ်လှန့်ထား

61649644984

Musudan ဒုံးကျည် တင်ဆောင်ထားသည့် မြောက်ကိုရီးယား စစ်ထရပ်ကားတစ်စီး။

 

မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်နိုင်သည့် အခြေအနေတစ်ရပ်အတွက် ဂျပန်တွင် သတိပေး တပ်လှန့်မှု ပြုလုပ်ထားကြောင်း သိရသည်။

ဂျပန်အစိုးရ၏ အရာရှိကြီး အချို့က ဇွန် ၂၁ ရက်တွင် ဂျပန်စစ်တပ်ကို တပ်လှန့်ထားကြောင်း အတည်ပြုခဲ့ပြီး အနောက်ဘက် ကမ်းခြေတွင် ဒုံးခွင်းဒုံး စနစ်များကို အသင့်ပြင်ထားကာ ဂျပန်ပိုင်နက်သို့ ဦးတည်လာသည့် မည်သည့် မသင်္ကာဖွယ် အရာဝတ္ထုကိုမဆို ပစ်ချရန် အမိန့်ပေးထားကြောင်း ဆိုသည်။

ဒေါ်နယ်ထရန့်အား ဗြိတိန်လူငယ်တစ်ဦးက သတ်ရန် ကြိုးပမ်းခဲ့ဟု အာဏာပိုင်များပြောကြား

2016-06-21-100924

ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ် အရွယ် မိုက်ကယ် ဆန်းဖို့ဒ်။

အမေရိကန် ရီပတ်ပလစ်ကန် သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့်အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ သည့် အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား တစ်ဦးကို ဖမ်းဆီးအရေးယူထားသည်ဟု အာဏာပိုင်များက ထုတ်ဖော် ပြောကြားလိုက်သည်။

ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာပိုင်ရှင် ဂုဏ်ပုဒ်ကို တရုတ် ဆက်လက်ထိန်းသိမ်း

1461654684498

တရုတ်တွင် အသစ်တည်ဆောက်ခဲ့သည့် စူပါကွန်ပျူတာသည် အမေရိကန်မှ ပြိုင်ဘက်များကို ဆက်လက်အသာစီး ယူကာ ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး ကွန်ပျူတာအဖြစ် ရပ်တည်နေကြောင်း သိရသည်။ စွမ်းဆောင်ရည် 93 petaflop ရှိသည့် Sunway TaihuLight စူပါကွန်ပျူတာကို ဝူဇီရှိ အမျိုးသား ကွန်ပျူတာ စင်တာတွင် တပ်ဆင်ထားခြင်း ဖြစ်သည်။ 93 petaflopသည် တစ်စက္ကန့်အတွင်း တွက်ချက်မှုပေါင်း ၉၃၀၀၀ ထရီလီယံထိ လုပ်ဆောင်နိုင်သည့် စွမ်းရည် ပမာဏ ဖြစ်သည်။

ကမ္ဘာတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၆၅ သန်းထိ ရှိလာဟု ကုလ ပြော

Refee

ကမ္ဘာတစ်ဝန်း မူလအခြေချနေထိုင်ရာ နေအိမ်များမှ စွန့်ခွာထွက်ပြေးနေရသူဦးရေ စုစုပေါင်းမှာ စံချိန်တင်ပမာဏ ဖြစ်သော ၆၅ ဒသမ ၃ သန်းထိ ရှိလာနေသည်ဟု ကုလသမဂ္ဂက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

” ဒါဟာ ပထမဆုံးအကြိမ် သန်း ၆၀ ကို ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ၏ ဒုက္ခသည် အေဂျင်စီက ထုတ်ပြန်သည်။

မက္ကဆီကိုတွင် ဆရာများနှင့် ရဲများအဓိကရုဏ်းဖြစ်ပွား၊ လူခြောက်ဦးသေဆုံး

13442702_1721531868087314_4127115485184180309_o

အော့စကာ ဇွန် ၂ဝ

မက္ကဆီကိုတွင် ဆရာများနှင့် ရဲများကြား အဓိကရုဏ်းများဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးပြီး ရဲအရာရှိများအပါအဝင် လူ ၅ဝ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဘီဘီစီ သတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက်သည် မက္ကဆီကိုနိုင်ငံ အော့စကာပြည်နယ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တွင်းကျော်ကြားသော ခေါင်းဆောင်နှစ်ဦးကို လွန်ခဲ့သောအပတ်က လာဘ်စားမှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။

ရောမမြို့တော်ဝန် ရာထူးကို အမျိုးသမီးတစ်ဦး ပထမဆုံးအကြိမ် ရယူ

_90029258_d352750b-3072-40ce-8375-fa6bd84347c9

အီတလီနိုင်ငံ၊ ရောမမြို့တော်တွင် သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦး မြို့တော်ဝန် ဖြစ်လာတော့မည်ဟု သိရှိရသည်။ အတိုက်အခံအဖြစ် ရပ်တည်နေသည့် ကြယ်ငါးပွင့် လှုပ်ရှားမှု ပါတီသည် နိုင်ငံ၏ မြို့တော်ဝန် ရွေးကောက်ပွဲများ၌ ရောမနှင့် တူရင်ကဲ့သို့ မြို့ကြီးများတွင် အောင်ပွဲခံနိုင်ခဲ့ကြောင်း အစောပိုင်း မဲရေတွက်မှု ရလဒ်များအရ အတည်ပြုနိုင်ခဲ့သည်။

မက္ကဆီကို ကျောင်းဆရာသပိတ်တွင် ရဲနှင့် ထိပ်တိုက်တွေ့၍ သုံးဦးသေဆုံး

_90029277_033594010-1

မက္ကဆီကိုစီးတီး၊ ဇွန် ၂၀

မက္ကဆီကိုနိုင်ငံတောင်ပိုင်းတ်ွင ဆန္ဒပြကျောင်းဆရာဆရာမများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့၍ လူ သုံးဦးအနည်းဆုံး သေဆုံးသည်။ ရဲများအပါအ၀င် ဒဏ်ရာရသူ ပေါင်းမှာ ၄၅ ဦးရှိသည်။

ပြုပြင်ပြောင်းလဲရေးအယူအဆရှိသာ CNTE သမဂ္ဂမှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦး အကျင့်ပျက်ခြစားမှုဖြင့် ဖမ်းခံရပြီးနောက် အော့ဆာကာပြည်နယ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ကဘူးလ်မှာ ပေါက်ကွဲမှုဖြစ်ပြီး နိုင်ငံခြားသားများ သေဆုံး

proxy

အာဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်မှာ ယနေ့ (ဇွန်လ ၂၀ ရက်) နံနက်အစောပိုင်းက ဘတ်စ်ကားတစ်စီး ပေါက်ကွဲမှု ထိမှန်ကာ လူအချို့ သေဆုံးဒဏ်ရာ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယယ်။ မီနီဘတ်စ်ပေါ်မှာ နီပေါ နိုင်ငံသား ၁၃ ဦး လိုက်ပါလာကြောင်း သတင်းများက ဖော်ပြပါတယ်။

အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးကွန်ရက် ဖြန့်ကျက်မှုသည် အန္တရာယ်ကြီးသည့် လုပ်ရပ်ဟု ပူတင် ဝေဖန်

fsfwerf

အရှေ့ဥရောပတွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်သည် အလွန် အန္တရာယ်ကြီး သည့် လုပ်ရပ်တစ်ခုဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်သည်။