ခိုလှုံခွင့်တောင်းခံသော ဒုက္ခသည်များကို ဆက်လက်လက်ခံမည်ဟု သမ္မတအိုဘားမား ပြော

13495116_1040316266061260_5156314577840035906_n

ဝါရှင်တန် ဇွန် ၂၁

အမေရိကန်ပြည်ထောင်စုသည် ခိုလှုံခွင့် တောင်းခံမည့်ဒုက္ခသည်များကို ဆက်လက် ကြိုဆိုသွားမည်ဖြစ်ကြောင်း သမ္မတဘာရတ် အိုဘားမားက ဇွန် ၂ဝ ရက်တွင် ပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စုအတွင်း ဒုက္ခသည်များ လက်ခံခြင်းကို ကန့်ကွက်သည့် နိုင်ငံရေးစကားဝိုင်းများ၏ အသံဗလံများ ပိုမိုကျယ်လောင်လာနေချိန်တွင် သမ္မတ အိုဘားမားက အထက်ပါအတိုင်းပြောကြား ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက အလေးထားသော စံတန်ဖိုးများနှင့်အညီ ဒုက္ခသည်များကို လက်ခံကြရမည်သာ ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။

ကုလသမဂ္ဂနှစ်ပတ်လည် အထွေထွေ ညီလာခံကျင်းပချိန် ကာလအတွင်း ဘေးပန်း ဆွေးနွေးပွဲတစ်ရပ်အဖြစ် ဒုက္ခသည်များဆိုင်ရာ ထိပ်သီးညီလာခံတစ်ရပ်ကို စက်တင် ဘာလအတွင်းကျင်းပသွားရန်လည်း သမ္မတအိုဘားမားက ထုတ်ပြန်ကြေညာသည်။

ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများအတွက် ရန်ပုံငွေများကို ပိုမိုထည့်ဝင်ကြရန်၊ ဒုက္ခသည်များအတွက် အလုပ်အကိုင်နေရာများ ပိုမိုဖန်တီးပေးရန်၊ ဒုက္ခသည်များ ပညာသင်ယူခွင့် ပိုမိုရရှိရန်၊ ဒုက္ခသည်များပြန်လည်အခြေစိုက် နေထိုင်ခွင့် ရရှိရေးအတွက် အကူအညီများ ပိုမိုပေးနိုင်စေရန် စသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်၍လည်း အိုဘားမားက ကမ္ဘာ့ဒုက္ခ သည်များနေ့အထိမ်းအမှတ် ထုတ်ပြန်သည့် ကြေညာချက်တွင် ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းလိုက်သည်။

ပီတီအိုင်။


Leave a Reply