ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမည့် အဆိုပြုလွှာရေးသားနိုင်ရေး လာမည့်ဇူလိုင်တွင် ယူနက်စကို ပညာရှင်များနှင့် ဆွေးနွေးမည်

ပုဂံကိုကမ္ဘာ့ အမွေအနှစ်စာရင်းတင်သွင်းမည့် အဆိုပြုလွှာရေးသားနိုင်ရေးအ တွက်လာမည့် ဇူလိုင်လ လယ်တွင် ရှေးဟောင်းသုတေသနဌာနတာ ၀န်ရှိသူများ၊ မြန်မာနိုင်ငံမှပညာရှင်အဖွဲ့များနှင့် ယူနက်စကို ပညာရှင်များတွေ့ဆုံကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

Bagan

အဆိုပါ ဆွေးနွေးပွဲမှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရာတွင် ယူနက်စကို၏ ကမ္ဘာ့စံသတ် မှတ်ချက်ခြောက်ချက်ရှိပြီး ယင်းအချက်များထဲမှ ပုဂံမှာ မည်သည့် အချက်များနှင့် ကိုက်ညီသည်ဆိုသည်ကို ရွေးချယ်နိုင်ရန်ဖြစ်ပြီး ယင်းအချက်များကို ရွေးချယ်ပြီးမှသာကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် တရားဝင် အဆိုပြုလွှာ ရေးဆွဲနိုင်မည်ဖြစ်ကာ ဆွေးနွေးပွဲကျင်းပရန် နေရာမသတ်မှတ်ရသေးကြောင်း သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဇွန် ၁၉ ရက်တွင် ပြောသည်။

“ဒီအဆိုပြုလွှာတင်တော့မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့၊ မဖြစ်ဖို့ကို ဒါကိုကြည့်ပြီး ယူနက်စကိုက ဆုံးဖြတ်နိုင်မှာလေ။ ပြီးရင် ဒီအဆိုပြုလွှာမှာရေးထားတာနဲ့ တကယ့်မြေပြင်မှာ ကိုက်ညီမှုရှိ၊ မရှိကို နည်းမျိုးစုံနဲ့ လာပြီးစစ်ဆေးမှာ။ အဲဒီအဆိုပြုလွှာရေးဖို့အတွက်က ကမ္ဘာ့စံသတ်မှတ်ချက်တွေရှိတယ်။ ပုဂံက ကမ္ဘာ့စံ သတ်မှတ်ချက်ခြောက်ချက်လုံးနဲ့ ညီတယ်။ ဒါပေမဲ့ ယူနက်စကိုကိုဝင်ဖို့အတွက်က အချက်တစ်ချက်နှစ်ချက်လောက်တူတာနဲ့ရတယ်။ ဆရာတို့အနေနဲ့ သုံးချက်လောက်တော့ ရွေးမယ်။ ဘယ်အချက် က ကျစ်လျစ်တယ်။ ဘယ်အချက်အလက်က စီမံခန့်ခွဲမှုအတွက် အဆင်ပြေမယ်ဆိုတာမျိုး ရွေးပြီးတော့ တင်မှာပေါ့။ အဲဒီလိုရွေးချယ်နိုင်ဖို့အတွက် ပညာရှင်တွေဆွေးနွေးကြမှာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။

ယင်းအဆိုပြုလွှာတွင် ပုဂံဒေသ၏ သမိုင်းကြောင်းများ၊ အချက်အလက်များ၊ ကောင်းကင်မြေပုံစသည့် အရာများပါဝင်ကာ ရွေးချယ်သည့်အချက်အလိုက် အခန်းကဏ္ဍများ ခွဲကာ သက်ဆိုင်ရာပညာရှင်များ၊ ဒေသခံများ၊ ဒေသအဖွဲ့အစည်းများ၊ ရှေးဟောင်းသုတေသန ဌာနနှင့်အခြားသော ဆက်စပ်နေသည့် ဌာနများမှ ပါဝင်ရေးဆွဲသွားရမည်ဖြစ်ကြောင်း သိရသည်။

ယူနက်စကိုသို့ အဆိုပြုလွှာမူကြမ်းကို နှစ်စဉ်အောက်တိုဘာလတွင် တင်ပြရပြီး ဇန်န၀ါရီလတွင် အပြီးသတ်အဆိုပြုလွှာကို တင်ပြရကာ နှစ်စဉ် ဇွန်လတွင်ပြုလုပ်သည့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် စာရင်းဝင်ဖြစ်၊ မဖြစ်ကို အတည်ပြုခြင်းဖြစ်ကြောင်း သိရ သည်။

‪Democracytoday

 


Leave a Reply