အီးယူမှ တွဲရေးခွဲရေး ဆန္ဒခံယူပွဲ ထပ်ခေါ်ပေးရန် ဗြိတိန်ပြည်သူ နှစ်သန်းခွဲကျော် တောင်းဆို

EU

ဥရောပသမဂ္ဂ အီးယူမှ ဗြိတိန်နိုင်ငံ အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိရေး မရှိရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဒုတိယအကြိမ် ထပ်မံကျင်းပပေးရန် အွန်လိုင်း လက်မှတ်ရေးထိုး တောင်းဆိုကြသည့် ပြည်သူပေါင်းမှာ နှစ်သန်းခွဲ ကျော်အထိ ရှိလာခဲ့သည်။

သီးခြားအွန်လိုင်းတောင်းဆိုမှုတစ်ရပ်၌လည်း ဗြိတိန်နိုင်ငံမှ လန်ဒန်ခွဲထွက်ရေးနှင့် အီးယူအဖွဲ့ဝင်အဖြစ် သီးခြား ဝင်ရောက်ရေး လက်မှတ်ထိုးသူပေါင်းကလည်း တစ်သိန်းနီးပါးရှိထားသည်။

ရေဘေးသင့် အနောက်ဗာဂျီးနီးယားတွင် အိုဘားမား အရေးပေါ်အခြေအနေ ကြေညာ

_90097899_033720073

ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူ ၂၄ ဦးမျှ သေဆုံးခဲ့သည့်နောက် အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက အနောက်ဗာဂျီးနီးယား ပြည်နယ်တွင် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများ ရပ်ဆိုင်းလိုက်ပြီဟု တရုတ်တာဝန်ရှိသူများ ပြော

13490586_1043490612410492_3822498285998795552_o

ပေကျင်း ဇွန် ၂၆

တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသဆိုင်ရာသတင်းဌာန များက ဇွန် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်(တိုင်ပေ)၏ အစိုးရအဖွဲ့သစ်က နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုးအခြေခံမူကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းကြောင့် တရားဝင် ဆက်သွယ်မှုများကို ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားသည်။

ဥရောပသမဂ္ဂ( EU) ကနေ ဗြိတိန်နှုတ်ထွက်မယ်

13494782_1053877008001517_6230943232799588776_n

၁၉၇၃ခုနှစ်က ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံဟာ ၂၀၁၆ခုနှစ် ဇွန်လ ၂၃ရက် နေ့မှာတော့ အီးယူအဖွဲ့ဝင်ထဲ ဆက်ရှိမလား၊ နှုတ်ထွက်မလာမဲပေးရွေးချယ်ခဲ့ရာ ၅၂ရာခိုင်နှုန်းက နှုတ်ထွက်မယ်လို့ မဲပေးခဲ့လို့ ဗြိတိန်ဟာ အီးယူကနေထွက်တော့မှာဖြစ်ပါတယ်။

ကိုလံဘီယာတွင် ဆယ်စုနှစ် ငါးခုမျှ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် အဆုံးသတ်မှု အောင်ပွဲခံ အခမ်းအနားများ ကျင်းပ

crgthy

ကိုလံဘီယာ နိုင်ငံတွင် ဆယ်စုနှစ် ငါးခုမျှ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် ရပ်တန့်သွားမှုအတွက် အောင်ပွဲခံ အခမ်းအနားများ ကျင်းပခဲ့ကြောင်း သိရသည်။

အစိုးရနှင့် လက်ဝဲယိမ်း Farc သူပုန်များကြား အလုံးစုံ အပစ်အခတ် ရပ်စဲရန် ဆွေးနွေးညှိနှိုင်းမှု အောင်မြင် သွားပြီးနောက် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ပြီဟု ကိုလံဘီယာ အစိုးရက ကြေညာခဲ့သည်။ ဘိုဂိုတာ မြို့တော်တွင် လူပေါင်းများစွာသည် လမ်းမပေါ် ထွက်လာကာ အချင်းချင်း ပွေ့ဖက် အောင်ပွဲခံကြပြီး နိုင်ငံတော် သီချင်းကိုလည်း သံပြိုင် သီဆိုခဲ့ကြသည်။

ကမ္ဘာပေါ်မှာ အာရှသူဌေးတွေ အချမ်းသာဆုံး

52772

တရုတ်နိုင်ငံက Rolls-Royce ပြပွဲ။

 

အာရှတိုက်မှာရှိတဲ့ သန်းကြွယ်သူဌေးတွေဟာ မြောက်အမေရိကားတိုက်နဲ့ ဥရောပအပါအ၀င် ကျန်ကမ္ဘာ့နိုင်ငံက သန်းကြွယ်သူဌေးတွေထက် ပိုပြီး ချမ်းသာ ကြွယ်ဝကြတယ်လို့ ကပ်ခ်ျမီနီ စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီရဲ့ အစီရင်ခံစာတခုက ဖော်ပြလိုက်ပါတယ်။

အမေရိကန်၏ မူဝါဒပြောင်းမှသာ မြောက်ကိုရီးယား နျူကလီးယား တိုက်ဖျက်ရေးဆွေးနွေးမည်

13458669_1041556339270586_4811951433520530522_o

ပြုံယမ်း ဇွန် ၂၃

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီး ယားတိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးနေမည့် ကာလပတ်လုံး ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် စိတ် ပါဝင်စားမှုရှိမည် မဟုတ်ကြောင်း မြောက်ကိုရီးယားအဆင့်မြင့် အရာရှိ တစ်ဦးက ဇွန် ၂၃ ရက်တွင် ပေကျင်း မြို့၌ ကျင်းပခဲ့သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု တစ်ခုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

fegt

တရုတ်နိုင်ငံတွင် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်မှုကြောင့် လူ ၁၀၀ နီးပါးမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီယန်ဆု ဒေသတွင် ဇွန် ၂၃ ရက် နေ့လယ်ပိုင်းက ရှားပါးအခြေအနေအဖြစ် လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ လေဆင်နှာမောင်းကြောင့် လူ ၉၈ ဦးထက်မနည်း သေဆုံးခဲ့သလို နောက်ဆက်တွဲ ရာသီဥတု ဖောက်ပြန်မှုအဖြစ် မိုးသီးများ ကြွေကျခြင်း၊ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ခြင်းတို့ပါ ဖြစ်ပေါ်ခဲ့သည်။

နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တို့လက်မှ တိမ်းရှောင်လာသူ အများအပြား ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံး

ehserhergerge

နိုက်ဂျီးရီးယားတွင် ဘိုကိုဟာရမ် စစ်သွေးကြွများလက်မှ ထွက်ပြေးလာသူ အမြောက်အမြား အစာရေစာ ငတ်ပြတ်ပြီး အသက်ဆုံးရှုံးနေကြောင်း သိရသည်။

ကျန်းမာရေး ရန်ပုံငွေ အဖွဲ့အစည်း တစ်ခုဖြစ်သည့် MSFက ဘိုကိုဟာရမ် လက်အောက်မှ တိမ်းရှောင်လာသူ ၂၀၀ ခန့်သည် ပြီးခဲ့သည့် တစ်လတည်းတွင်ပင် ဘာမာမြို့၌ သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ “အရမ်းဆိုးရွားတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေပြီး အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်”ဟု ဘာမာရှိ စစ်ဘေးရှောင် ဒုက္ခသည်များထံ သွားရောက်ခဲ့သည့် MSF တာဝန်ရှိသူများက ဆိုသည်။

လက်နက်ထိန်းချုပ်ရေး ဥပဒေ ပြဌာန်းနိုင်ရေး တောင်းဆို၍ အမေရိကန် အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် အမတ်များ ထိုင် ဆန္ဒပြ

US-House-Democrats-stage-sit

အမေရိကန် နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျင်း၍ ရီပတ်ပလစ်ကန်တို့ ဦးဆောင်ထားသော ကွန်ဂရက် လွှတ်တော်ထဲတွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေး တောင်းဆိုကာ ဇွန်လ ၂၂ ရက်က အောက်လွှတ်တော်တွင် ဒီမိုကရက်တစ်အမတ်များက ထိုင်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားထားခဲ့သည့် အော်လန်ဒို ဂေးနိုက်ကလပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်း နိုင်ငံတွင်လက်နက်ထိန်းချုပ်ရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရေး လွှတ်တော်က မဲပေးဆုံးဖြတ်ပေးနိုင်ရန်အလို့ငှာ ဒီမိုကရက်တစ်များဘက်က တောင်းဆိုလာခဲ့ခြင်းဖြစ်သည်။