တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများ ရပ်ဆိုင်းလိုက်ပြီဟု တရုတ်တာဝန်ရှိသူများ ပြော

13490586_1043490612410492_3822498285998795552_o

ပေကျင်း ဇွန် ၂၆

တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)နှင့် တရားဝင်ဆက်သွယ်မှုများကို ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများ၏ပြောကြားချက်ကို ကိုးကားပြီး ဒေသဆိုင်ရာသတင်းဌာန များက ဇွန် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်(တိုင်ပေ)၏ အစိုးရအဖွဲ့သစ်က နိုင်ငံတစ်နိုင်ငံ စနစ်နှစ်မျိုးအခြေခံမူကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းကြောင့် တရားဝင် ဆက်သွယ်မှုများကို ရပ်ဆိုင်းထား မည်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားသည်။

တရုတ်နိုင်ငံသည် တရုတ်(တိုင်ပေ)ကို ယင်းနှင့်သဘောထားကွဲလွဲနေသော ပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ထားသည်။ လွန်ခဲ့သည့်လက တရုတ်(တိုင်ပေ)သမ္မတအဖြစ် ဆိုင်အင်ဝမ် တာဝန်ယူခဲ့ပြီးချိန်မှစ၍ ရေလက်ကြားဒေသ ဖြတ်ကျော် ဆက်ဆံရေးမှာ တင်းမာမှုများဖြစ်ပေါ် လာရသည်။

ဆိုင်အင်ဝမ်သည် တရုတ်(တိုင်ပေ)အား လွတ်လပ်ရေးကြေညာနိုင်ရန် ကြိုးပမ်းလာမည် ဟု တရုတ်အစိုးရက သံသယပွားလျက်ရှိသည်။

သို့ရာတွင် တရုတ်နိုင်ငံ၏ ကွန်မြူနစ်များနှင့် တရုတ်(တိုင်ပေ)၏ အမျိုးသားရေး ဝါဒီများက ၁၉၉၂ ခုနှစ်တွင် ရရှိခဲ့သော သဘောတူညီချက်ကိုမူ ဆိုင်အင်ဝမ်က အသိအမှတ်ပြု ကြောင်း၊ ယင်းသဘောတူညီချက်အရ တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒကို ကျင့်သုံးရန်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

(ရိုက်တာ)


Leave a Reply