အီးမေးလ်ကိစ္စနှင့် ပတ်သက်၍ အက်ဖ်ဘီအိုင်က ဟီလာရီကလင်တန်ကို စစ်ဆေး

350A5E0500000578-3634074-image-a-4_1465506752981

နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်စဉ်က အီးမေးလ်အသုံးပြုမှုများနှင့် ပတ်သက်၍ အမေရိကန် ဖက်ဒရယ် စုံစမ်း စစ်ဆေးရေး ဗျူရို (FBI) က ကန် သမ္မတလောင်းနေရာ ယှဉ်ပြိုင်သူ ဟီလာရီကလင်တန် ကို ခေါ်ယူ မေးမြန်းခဲ့ကြောင်း မဲဆွယ်ရေးအဖွဲ့က ပြောကြားသည်။

အက်ဖ်ဘီအိုင်၏ တွေ့ဆုံမေးမြန်းမှု အကြောင်းအရာများနှင့်ပတ်သက်၍ မဲဆွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သော်လည်း မစ္စစ်ကလင်တန်သည် အက်ဖ်ဘီအိုင်ရုံးချုပ်သို့ လိုလိုလားလား သွားရောက်ခဲ့ သည်ဟု ပြောသည်။

ဗြိတိန်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

protest-in-hong-kong

ဇူလိုင် ၁

ဗြိတိန်လက်အောက်ခံအဖြစ်မှ တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဟောင်ကောင်တွင် လူထောင်ပေါင်းများစွာတို့ ချီတက်ဆန္ဒပြရန် စီစဉ်နေသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်က ဗြိတိသျှ ကိုလိုနီလက်အောက်မှ ဟောင်ကောင်ဒေသ၏ အချုပ်အချာအာဏာကို တရုတ်ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကာ ယနေ့လိုမျိုး ဇူလိုင် ၁ ရက်ကျရောက်တိုင်း အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရှိ အမျိုးမျိုးသော  အဖွဲ့အစည်းများက ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်လေ့ရှိသည်။

ယူကေ တိုရီ ပါတီ ခေါင်းဆောင်အဖြစ် ရွေးခံမယ့်သူတွေ ပြောင်းလဲ

532783783

အီးယူထဲကနေ UK ထွက်ဖို့ သူဦးဆောင် စည်းရုံး လှုပ်ရှားခဲ့တာဟာ ဝန်ကြီးချုပ်နေရာကို လိုချင်လို့ ဆိုပြီး လူအတော်များများက သံသယ ဖြစ်ခဲ့ကြ

လစ်လပ်သွားတဲ့ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ပိုင်း နေရာကို ဝင်ရွေးမယ့်အထဲမှာ လန်ဒန် မြို့တော်ဝန်ဟောင်း Boris Johnson ကတော့ ပါတော့မှာ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ပြီး ပါလီမန်တွင်း အခြေအနေ အမြင် သဘောထားတွေအရ ပါတီခေါင်းဆောင်ပိုင်းနေရာကို သူဝင်ပြိုင်တော့မှာ မဟုတ်ဘူးလို့ Boris Johnson က ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁ သောင်းခွဲ လိုင်ဘေးရီးယားမှ ပြန်ရုပ်သိမ်း

United Nations (UN) peacekeepers patrol in their vehicle during Liberia's presidential election run-off, along a street in Monrovia November 8, 2011. REUTERS/Luc Gnago

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ လိုက်ဘေးရီးယား နိုင်ငံကနေ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

လိုက်ဘေးရီးယားမှာ ရက်စက်ဆိုးရွားတဲ့ ပြည်တွင်းစစ် ၂ နှစ်ကြာဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

အခုတော့ နိုင်ငံလုံခြုံရေးကို ပြည်တွင်းတပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်းလိုက်ပြီးဖြစ်လို့  ကုလသမဂ္ဂတပ်ဖွဲ့ဝင် အင်အား ၁ သောင်းခွဲကို ဇွန် ၃၀ ရက်နေ့က ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ရိုဒရီဂို ဒူတာတေး ကျမ်းသစ္စာကျိန်ဆို

13580403_1724956171078217_2781806107638028134_o

မေလ ၉ ရက်က ကျင်းပခဲ့သော ဖိလစ်ပိုင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒါဗာအို မြို့တော်ဝန်ဟောင်း ရိုဒရီဂို ဒူတာတေးသည် ဇွန်လ ၃၀ ရက်က နိုင်ငံ၏ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် ဖြစ်လာသူ ဒူတာတေးမှာ နိုင်ငံတွင် ရာဇ၀တ်မှုများအပေါ် တင်းကျပ်စွာ ကိုင်တွယ်သွားရေးက ၎င်း၏ ခြောက်နှစ်တာသက်တမ်းတွင် အဓိက လုပ်ဆောင်မည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားထားခဲ့သူဖြစ်သည်။

တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည် မဟုတ်ဟု တရုတ်ပြော

တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားကိစ္စရပ်အပေါ် သည်ဟေ့ဂ်မြို့ နိုင်ငံတကာခုံရုံးက လာမယ့် ဇူလိုင် (၁၂) ရက်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မည်ဖြစ်ရာ ခုံရုံး၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လက်မခံဘဲ ပယ်ချသွားမည်ဟု တရုတ်အာဏာပိုင်တို့က ထုတ်ဖော်ပြောကြား လိုက်သည်။

Chinese dredging vessels are purportedly seen in the waters around Mischief Reef in the disputed Spratly Islands in the South China Sea in this still image from video taken by a P-8A Poseidon surveillance aircraft provided by the United States Navy May 21, 2015. REUTERS/U.S. Navy/Handout via Reuters

(more…)


ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာအသစ် ၂၉ ခု ထပ်မံသတ်မှတ်မည်

ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ အ မွေအနှစ်များထိန်းသိမ်းရေးကော်မတီသည် နောက်ထပ်သတ်မှတ်ပေးရမည့် ကမ္ဘာ့အမွေအနှစ်နေရာသစ် ၂၉ ခုအား အစ္စတန်ဘူလ် မြို့တွင် ဇူလိုင် (၁၀) ရက်မှ (၂၀) ရက်အတွင်း ကျင်းပမည့် အကြိမ် ၄၀ မြောက်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု တူရကီအစိုးရ အရာရှိတစ်ဦးက ဇွန် (၂၇) ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

World

တူရကီ ယဉ်ကျေးမှုနှင့် ခရီးသွားလာမှုဝန်ကြီး နာဗီအဗ္ဗစီ

(more…)


၂၀၃၀ မှာ ငါးနှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်ဟု ယူနီဆက်ဖ် သတိပေး

UNICEF01

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့မှုတွေ တိုးမြှင့်ထောက်ပံ့မှု မရှိဘူးဆိုရင် သက္ကရာဇ် ၂၀၃၀ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာပေါ်က အသက် ၅ နှစ်အောက်ကလေး ၆၉ သန်း သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့က သတိပေး ထုတ်ပြန်ပါတယ်။

အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ကလေးသူငယ်များ အစီရင်ခံစာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်

2016-06-29-075727

ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို ကြွက်များမှာ စမ်းသပ်အောင်မြင်ခဲ့ပြီလို့ သိရပြီး လူသားများမှာ ထိုးနှံနိုင်ရေး အရေးပါတဲ့ တိုးတက်မှုဖြစ်လာကြောင်း သိရပါတယ်။ ဇီကာဗိုင်းရပ် ရှေ့ပြေးနမူနာနှစ်မျိုးကို ဓာတ်ခွဲခန်းမှာ ကြွက်များဖြင့် စမ်းသပ်ခဲ့ရာ အပြည့်အဝ အကာအကွယ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

အစ္စတန်ဘူလေဆိပ် အသေခံတိုက်ခိုက်မှုတွင် ၃၂ ဦး သေဆုံး ၈၈ ဦး ဒဏ်ရာရ

Istanbul-airport-suicide-attack

အစ္စတန်ဘူ၊ ဇွန် ၂၉

တူရကီနိုင်ငံ၏ မြို့တော်အစ္စတန်ဘူရှိ အတာတာ့ခ်လေဆိပ်တွင် ဇွန်  ၂၈ ရက်က အသေခံဗုံးခွဲမှုနှင့်  ပစ်ခတ် တိုက်ခိုက်မှုတို့ကြောင့် ၃၂ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားသည်။

ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် သေနတ်သမားများက လေဆိပ်ဝင်ပေါက်ရှိ လုံခြုံရေးများကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီက ဗုံးများဖြင့် ကိုယ့်ကိုယ်ကို အသေခံခွဲခဲ့ကြကြောင်း  တူရကီ အာဏာပိုင် များက ပြောကြားသည်။