ကုလငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၁ သောင်းခွဲ လိုင်ဘေးရီးယားမှ ပြန်ရုပ်သိမ်း

United Nations (UN) peacekeepers patrol in their vehicle during Liberia's presidential election run-off, along a street in Monrovia November 8, 2011. REUTERS/Luc Gnago

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ လိုက်ဘေးရီးယား နိုင်ငံကနေ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

လိုက်ဘေးရီးယားမှာ ရက်စက်ဆိုးရွားတဲ့ ပြည်တွင်းစစ် ၂ နှစ်ကြာဖြစ်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။

အခုတော့ နိုင်ငံလုံခြုံရေးကို ပြည်တွင်းတပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်းလိုက်ပြီးဖြစ်လို့  ကုလသမဂ္ဂတပ်ဖွဲ့ဝင် အင်အား ၁ သောင်းခွဲကို ဇွန် ၃၀ ရက်နေ့က ပြန်ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

လိုက်ဘေးရီယား သမ္မတ အဲလန် ဂျွန်ဆင် ဆာလိဖ် Ellen Johnson Sirleaf က အသွင်ကူးပြောင်းရေးအတွက် ကိစ္စအတော်များများကို ဆောင်ရွက်ခဲ့ပေမယ့် ဆက်လုပ်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကို သင်တန်းပေးဖို့၊ စီမံခန့်ခွဲရေးအပိုင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ထောက်ပံ့တဲ့အပိုင်းတွေမှာ ဆက်လုပ်စရာတွေ ရှိတယ်လို့ သမ္မတ ဆာလိဖ်က ပြောပါတယ်။

(DVB)


Leave a Reply