သြဂုတ်လ လူထုဆန္ဒခံယူပွဲရလဒ် မည်သို့ပင်ရှိစေ ရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ဟု ပရာယုဒ် ပြော

13502589_1044698142289739_890324748152539252_o

ဗန်ကောက် ဇွန် ၂၈

ထိုင်းနိုင်ငံ၌ သြဂုတ်လတွင်ကျင်းပမည့် ပြည်သူ့ဆန္ဒခံယူပွဲ၌ စစ်ဘက်က ထောက်ခံသောဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအား ပြည်သူများက ပယ်ချသည့်တိုင်အောင် မိမိရာထူးမှ နုတ်ထွက်ပေးမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ၏ပြောကြားချက်ကို ကိုးကားလျက် ဒေသဆိုင်ရာသတင်းဌာနများက ဇွန် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

သံအရာရှိများကို ရုရှား ဖိနှိပ်ဆက်ဆံနေဟု အမေရိကန် စွပ်စွဲ

165164984

ရုရှားအစိုးရသည် မိမိတို့၏ သံအရာရှိများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက် သည်။ ရုရှားတွင် တာဝန်ထမ်းဆောင်နေသည့် အမေရိကန် သံအရာရှိများအပေါ် ရုရှားအာဏာပိုင်များက ခြိမ်းခြောက်မှု၊ ရန်လိုမှုများ ပိုမိုမြင့်တက်လာကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပနားမားတူးမြောင်း ချဲ့ထွင်ရေးစီမံကိန်း ပြီးစီး၊ တရုတ်သင်္ဘော ပထမဆုံး ဖြတ်သန်း

Cargo-ship-in-Panama-canal-Reuters

ပနားမားတူးမြောင်းချဲ့ထွင်ရေး စီမံကိန်း ပြီးစီးသွားပြီဖြစ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်ကုန်တင်သင်္ဘောကြီးတစင်းက ပထမဆုံး ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက် သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။

ရုရှားလုပ် MI-17 ရဟတ်ယာဉ် ပျက်ကျ၊ ကိုလံဘီယာစစ်သည် ၁၇ ဦး သေဆုံး

Helicopter-reuters

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း တောင်ထူတဲ့ နေရာမှာ ရုရှားလုပ် MI-17 ရဟတ်ယာဉ်တစီး ပျက်ကျလို့ စစ်သည် ၁၇ ဦး သေဆုံးတယ်လို့ ကိုလံဘီယာစစ်တပ်က ဇွန် ၂၇ ရက်မှာ ကြေညာပါတယ်။

ရဟတ်ယာဉ်ဟာ တောနက်ထဲက ချိုကိုခရိုင်ကနေ စစ်တပ်အခြေစိုက်စခန်းရှိရာ တိုလေမိုင်ဒါကိုအသွား မြို့တော် ဘိုကိုတာကနေ ၁၁၂ မိုင်အကွာ ကဲလ်ဒတ်စ် ခရိုင်ထဲမှာ ဇွန် ၂၆ ရက်က ပျက်ကျခဲ့တာပါ။

ထိုင်းနိုင်ငံတွင် ဒေါ်လာပေါင်းများစွာဖြင့် ဝယ်ယူခဲ့သော ဗုံးရှာကိရိယာတုများနှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများက အရေးဆို

Thai

ထိုင်းနိုင်ငံက ဝယ်ယူထားသည့် ဒေါ်လာ သန်းပေါင်းများစွာပေးရသော ဗုံးရှာဖွေရေး ကိရိယာတုများကြောင့် အပြစ်မဲ့သူများပါ အဖမ်းခံရမှုများရှိနေရာ ယင်းကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ဗြိတိန်နိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံသို့ လက်လွှဲပေးအပ်ရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းတောင်းဆိုသည်။

ဗြိတိန်နိုင်ငံက ပစ္စည်းအတုလုပ်ကြသူများဖြစ်သည့် ဂါရီဘောတန်နှင့် ဂျိမ်းကော်မစ်တို့က ဖေါက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို မီတာရာပေါင်းများစွာ အဝေးမှပင် ထောက်လှမ်းနိုင်သည်ဆိုသော GT200 ကိရိယာများကို အတုလုပ်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ၎င်းနှစ်ဦးလုံး အဖမ်းခံခဲ့ရသည်။

အီးယူမှ ဗြိတိန်ထွက်မှု ဂျပန်နှင့် အမေရိကန် ၀န်ကြီးများ ဆွေးနွေး

b-jpbrexit-b-20160628-870x481

ဥရောပသမဂ္ဂ အီးယူကနေ နုတ်ထွက်ဖို့ ယူနိုက်တက်ကင်းဒမ်းရဲ့ ဆုံးဖြတ်ချက်ကြောင့် စီးပွားရေးနဲ့ လုံခြုံရေးပေါ် ဆိုးဝါးတဲ့သက်ရောက်မှုတွေကို ရပ်တန့်အောင် ပူးတွဲလုပ်ဆောင်ကြဖို့ ဂျပန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့် တာဝန်ရှိသူတွေ သဘောတူညီခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ရှင်ဆုကဲ့ဆူဂျီယာမနဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကင်တို့ ၀ါရှင်တန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ သဘောတူညီခဲ့တာကို ဂျပန်နိုင်ငံထုတ် သတင်းတွေက ဖော်ပြပါ တယ်။

ပဋိသန္ဓေ ဖျက်ချပိုင်ခွင့် ပြည်နယ် စွက်ဖက်ပိုင်ခွင့်မရှိ၊ တရားရုံးချုပ် ဆုံးဖြတ်

49849849

ပဋိသန္ဓေ ဖျက်ချခွင့်ရရေး တက်ကြွ လှုပ်ရှားသူများ တနင်္လာနေ့က ၀ါရှင်တန် ဒီစီမြို့ နိုင်ငံတော် တရားရုံးချုပ် ရှေ့တွင် အောင်ပွဲခံနေစဉ်။

ဓါတ်ပုံ – (AP Photo/J. Scott Applewhite)

ဆိုမာလီမြို့တော်ရှိ နာမည်ကြီးဟိုတယ်အား အစ္စလာမ်မစ်အစွန်းရောက်များ ၀င်စီး၊ ၀န်းကြီးတစ်ဦး သေဆုံး

Somarlee

မိုဂါဒစ်ရှုး၊ ဇွန် ၂၇

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှုးရှိ နာမည်ကြီး ဟိုတယ်တစ်ခုအား အယ်ရှာဘတ်အစ္စလာမ်မစ်များ ၀င်ရောက်စီးနင်း တိုက်ခိုက်မှု၌ ဆိုမာလီဝန်ကြီး တစ်ဦးပါ အသတ်သေဆုံးသည်။

ပြီးခဲ့သည့် ဇွန် ၂၆ ရက်က အစွန်းရောက်အယ်ရှာဘတ်များက နာဆိုဟာဘလိုဟိုတယ်အားဝင်စီးပြီး ဓားစာခံများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဟိုတယ်အပြင်တွင် ကားဗုံးဖောက်ခွဲခဲ့သည်။

Brexit နောက် စီးပွားရေး မတည်ငြိမ်မှု အာရှကိုပါ ရိုက်ခတ်နေ

588857575

ဗြိတိန်ရဲ့ အဆုံးအဖြတ်ဟာ ကမ္ဘာ့ စီးပွားရေး အပေါ် အကြီးအကျယ် ရိုက်ခတ် ။

 

ဥရောပ သမဂ္ဂ အဖွဲ့ အီးယူထဲက ဗြိတိန် နှုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့အပြီး နောက်ဆက်တွဲ ဖြစ်ပေါ် လာတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ အတွက် စိုးရိမ်ကြောင်း တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယား တို့လို အာရှက စီးပွားရေး အင်အားကြီး နိုင်ငံတွေက ထုတ်ဖော် ပြောဆို လာပါတယ်။

စင်ကာပူလေကြောင်းလိုင်းလေယာဉ် ချန်ဂီလေဆိပ်ကို ပြန်ဆင်းသက်စဉ် မီးလောင်

Singapore-airline-plane-fire-channelnewsasia

စင်ကာပူလေကြောင်းလိုင်း (SIA) က လေယာဉ်တစီးဟာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ပြန်ဆင်းသက်ရင်း ဒီနေ့မနက်က မီးလောင်ခဲ့ပါတယ်။

စင်ကာပူကနေ အီတလီနိုင်ငံ မီလန်မြို့ကို သွားနေချိန်မှာ အင်ဂျင်ဝိုင် သတိပေးချက် ထွက်ပေါ်လာလို့ လှည့်ပြန်ဆင်းသက်ချိန်မှာ ခုလို ဖြစ်တာပါ။