သပိတ်မှောက်နေသူများ ယူရိုပြိုင်ပွဲကို မနှောင့်ယှက်ရဟု ပြင်သစ်သမ္မတ ပြောကြား

French President Francois Hollande delivers a speech during an international and interministerial conference in a bid to revive the Israeli-Palestinian peace process, in Paris, France, June 3, 2016.   REUTERS/Stephane de Sakutin/Pool

သောကြာနေ့တွင် ပြင်သစ်နိုင်ငံ၌ စတင်ကျင်းပမည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ပို့ဆောင်ရေးလုပ်သားများ သပိတ် က အနှောင့်အယှက် ဖြစ်စေမည်ဆိုပါက နားမလည်နိုင်ဖြစ်ရလိမ့်မည်ဟု သမ္မတဟော်လန်ဒီက ပြောကြားလိုက်သဖြင့် တိုက်ပွဲဝင်လိုသော CGT သမဂ္ဂအနေဖြင့် ယင်းလုပ်ရပ်ကို ရပ်တန့်ရေး ဖိအားများ မြင့်တက်လာသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း လောင်စာပံ့ပိုးရေးနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများကို အနှောင့်အယှက် ဖြစ်စေခဲ့ပြီး အစိုးရ၏ အလုပ်သမား ပြုပြင်ပြောင်းလဲရေး ဥပဒေများကို ဆန့်ကျင်နေသည့် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများကို ယခုအခါ ပြင်သစ် နိုင်ငံသားအများစုက ကန့်ကွက်နေကြကြောင်း သဘောထား စစ်တမ်းတစ်ခုက ပြသနေသည်ဟု ဟော်လန်ဒီက ရေဒီယိုတွေ့ဆုံ မေးမြန်းမှုတစ်ခုတွင် ပြောကြားသည်။

သပိတ်ကြောင့် ရထားဝန်ဆောင်မှုများ၊ ဓာတ်အားပေးစခန်းများ၊ ရေနံသန့်စင်စက်ရုံများ၊ ဆိပ်ကမ်းများနှင့် စွန့်ပစ် ပစ္စည်း ရှင်းလင်းရေး စက်ရုံများကို ထိခိုက် စေခဲ့သည်။

 သပိတ်မှောက်မှုများနှင့် လမ်းပေါ်ဆန္ဒပြပွဲများသည် နိုင်ငံစီးပွားရေးအပေါ် သိသိသာသာ ထိခိုက်မှုမရှိဟု ဘဏ္ဍာရေး ၀န်ကြီး မိုက်ကယ်ဆာပင်က ပြောကြားသည်။

သို့သော် ယင်းကဲ့သို့ ပိတ်ဆို့ထားမှုများ၊ သပိတ်မှောက်မှုများက ယူရို ၂၀၁၆ ပြိုင်ပွဲ လက်ခံကျင်းပမည့် ပြင်သစ်နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။

CGT သမဂ္ဂနှင့် ၎င်းတို့၏ မဟာမိတ်များက အဆုံးမဲ့သပိတ်မှောက်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် စတင်ခဲ့ပြီးနောက် ရထားဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့သည်။

အလုပ်ချိန်နှင့် ပတ်သက်သော ပြန်လည်ဖွဲ့စည်းပြင်ဆင်ရေး ဆွေးနွေးပွဲ နောက်တစ်ကျော့ကို နိုင်ငံပိုင်ရထားလမ်းဌာန SNCF ၌ တနင်္လာနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

လစာလျှော့ချခြင်းနှင့် ပတ်သက်သော သီးခြားအငြင်းပွားမှု တစ်ခုအတွင်း ပြင်သစ်လေကြောင်းလိုင်း လေယာဉ်မှူးများ သည် သပိတ်မှောက်မည့် အစီအစဉ်များကို စနေနေ့က ကြေညာခဲ့သည်။

—Ref: Reuters


Leave a Reply