ဗီယက်နမ်သို့ အိုဘားမားခရီးစဉ် နွေးထွေးသော ဆက်ဆံရေးကို ဖော်ဆောင်

_89765343_89765342

ဟိုချီမင်းစီးတီး၊ မေ ၂၃ ။             ။ ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်သမ္မတများ ဗီယက်နမ်သို့ သုံးကြိမ်မြောက် လာရောက်လည်ပတ်မှုအဖြစ် သမ္မတ အိုဘားမားက သုံးရက်တာခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ စတင်ရောက်ရှိပြီဖြစ်သည်။

အမေရိကန်က ပစိဖိတ်မဟာမိတ်များနှင့် ဆက်ဆံရေးတည်ထောင်နေသည့်ကာ နှစ်နိုင်ငံကြား နွေးထွေးသော ဆက်ဆံရေးကို ရည်သန်ကာ ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၁၉၈၄ ခုနှစ်က စတင်ချမှတ်ခံရသည့် လက်နက်ကုန်သွယ်ခွင့် ရုပ်သိမ်းရေးအတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိနေခြင်းဖြစ်သည်။

ဗီယက်နမ်ခရီးစဉ်ပြီးလျှင် အိုဘားမားအနေဖြင့် G7 ထိပ်သီးညီလာခံတက်ရောက်ရန် ဂျပန်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ ၎င်းအနေဖြင့် ဟီရိုရှီးမားမြို့သို့ ပထမဆုံးသွားရောက်မည့် အမေရိကန်သမ္မတလည်း ဖြစ်လာမည်။

ဗီယက်နမ်ခရီးစဉ်အတွင်း အိုဘားမားက အတိုက်အခံအုပ်စုများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်သကဲ့သို့ အမေရိကန် ဦးဆောင်သည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ပြု လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှုရရန် အတားအဆီးများ ကို ဖယ်ရှားနိုင်ရေးအတွက်လည်း ကြိုးစားသွားမည်ဖြစ်သည်။

အမေရိကန်က ဗီယက်နမ်အပေါ် ချမှတ်ထားသည့် လက်နက်ရောင်းချခွင့် ပိတ်ပင်ထားခြင်းအား ဖယ်ရှားသွားရေး ဆွေးနွေးသွားမည်ဟုလည်း ယခုခရီးစဉ်မတိုင်မီက အိုဘားမား၏ လက်ထောက်အမျိုးသားလုံခြုံရေးအကြံပေး ဘန်ရိုဒ်က ပြောခဲ့သည်။

-Ref; BBC