ဗြိတိန်နှင့် ပြင်သစ်၌ အမှတ်တံဆိပ်မပါသည့် စီးကရက်ဘူး ဥပဒေ ပြဋ္ဌာန်း

mmmmmmmmmmmmm

ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းအဖွဲ့က လန်ဒန်တွင် မေ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် စံပြု စီးကရက်ဘူးပုံစံကို တွေ့ရစဉ်

 

ဗြိတိန်နှင့် ပြင်သစ်၌ အမှတ်တံဆိပ်မပါသည့် စီးကရက်ဘူး ဥပဒေသည် မေလ (၂၀) ရက်တွင် စတင် သက်ဝင်လာပြီ ဖြစ်ရာ အမှတ်တံဆိပ်တပ်ထားသော စီးကရက်ဘူးခွံများ ဇာတ်သိမ်းသွားပြီဖြစ်သည်။ ယင်းဥပဒေကို စီးကရက်ကုမ္ပဏီ များက ဆန့်ကျင်နေသော်လည်း တက်ကြွလှုပ်ရှားသူများက အားပေး ထောက်ခံခဲ့ကြသည်။

စီးကရက်ဘူးသစ်များပေါ်မှ လိုဂိုအမှတ်တံဆိပ်များနှင့် ကွဲပြားခြားနားသောအရောင်များကို ကွဲပြားခြားနားမှုမရှိသော ပုံစံဖြင့် အစားထိုးမည်ဖြစ်သည်။ အသက်အန္တရာယ်ဖြစ်စေပြီး စွဲလမ်းစေသည့် ထွက်ကုန်အပေါ် ၀ယ်လိုအားကို လျှော့ ချရန် အဓိကခြေလှမ်းတစ်ရပ်အဖြစ် ယင်းဥပဒေကို ကျန်းမာရေး တက်ကြွလှုပ်ရှားသူများက ကောင်းချီးပေးခဲ့ကြသည်။

ဗြိတိန်နှင့် ပြင်သစ် နှစ်နိုင်ငံစလုံးတွင် အမှတ်တံဆိပ် မပါသည့် စီးကရက်ဘူးခွံများအား လာမည့်လများအတွင်း စတင် မိတ်ဆက်မည်ဖြစ်သည်။

အလားတူ ဥပဒေကို သြစတြေးလျနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး အထူးသဖြင့် လူငယ်များတွင် ဆေးလိပ်သောက်သုံးမှုနှုန်း လျှော့ချရာ၌ အထောက်အကူပြုကြောင်း တွေ့ရှိရသည်။

စီးကရက်ရောင်းချသူများကို လက်ရှိထုတ်လုပ်ပြီးသား အမှတ်တံဆိပ် တပ်ထားသော စီးကရက်ဘူးများ ရောင်းချခွင့် အား ဗြိတိန်တွင် တစ်နှစ်နှင့် ပြင်သစ်တွင် ဇန်န၀ါရီ ၁ ရက်အထိသာ ခွင့်ပြုထားသည်။

“ကျကျနန ဒီဇိုင်းလုပ်ထားတဲ့ စီးကရက်ဘူးတွေက လူငယ်တွေကို ဆေးလိပ်သောက်အောင် ဆွဲဆောင်ခဲ့ပါတယ်” ဟု ဗြိတိန်အဆုတ်ရောဂါ ဖောင်ဒေးရှင်း အကြီးအကဲ ပင်နီဝုဒ်က ပြောကြားခဲ့သည်။

Eleven


 


Leave a Reply