သီရိလင်္ကာမှာ မြေပြို ၃၇ ဦးသေ ၁၅၀ ပျောက်

576378637

Bulathkohupitiya ဆိုတဲ့ ရွာမှာ စစ်သားတွေ ကူညီကယ်ဆယ်ရေး ပြုလုပ်နေစဉ် (Credit: AFP)

 

သီရိလင်္ကာနိုင်ငံမှာ ​သုံးရက်ကြာ ​မိုးတွေ ​အဆက်မပြတ် ​ရွာသွန်းတဲ့အတွက် ​မြေပြိုမှုတွေ ​ဖြစ်ပြီး ​လူ ​၃၇ ​ဦး ​သေဆုံးရသလို ​လူအယောက်ပေါင်း ​၁၅၀ ​ကျော် ​ပျောက်ဆုံးနေဆဲ ​ဖြစ်ပါတယ်။ ကူညီကယ်ဆယ်ရေး ​အဖွဲ့သားတွေက ​ရွှံ့တွေထဲကနေ ​လူသေအလောင်းတွေကို ​ဆွဲထုတ်နေဆဲ ​ဖြစ်သလို အဲဒီဒေသကို ​ကူညီဖို့ ​စစ်သားတွေ၊ ​ရေတပ်သားတွေကိုလည်း ​အစိုးရက ​ပို့ဆောင်ထားပြီ ​ဖြစ်ပါတယ်။

သီရိလင်္ကာ ​သမ္မတ ​ကလည်း ​ရေကြီးမှုနဲ့ ​မြေပြိုမှု ​ဒဏ်ကို ​ခံရတဲ့ ​မိသားစုဝင်တွေနဲ့ ​တွေ့ဆုံပြီး ​အားပေးစကား ​ပြောခဲ့ပါတယ်။

မြေပြိုင်မှု ​ဖြစ်တဲ့ ​ဒေသဟာ ​လက်ဖက်စိုက်ခင်းတွေ ​ပေါတဲ့ ​ဒေသဖြစ်ပြီး ​ရဟတ်ယာဉ်ပေါ်ကနေ ​ရိုက်ကူးထားတဲ့ ​ဗီဒီယိုတွေအရ ​ရေကြီးမှုက ​ရွာတွေကို ​အလုံးအရင်းလိုက် ​လွှမ်းမိုးသွားတာတွေကို ​တွေ့ရပြီး ​အဲဒီဒေသ ​တခုလုံး ​တောင်ကျရေအရောင်တွေ ​လွှမ်းမိုးသွားတာကို ​တွေ့ခဲ့ရပါတယ်။

ရေကြီးမှုနဲ့ ​မြေပြိုမှုတွေရဲ့ ​ဒဏ်ကို ​လူပေါင်း ​သုံးသိန်းခွဲကျော်လောက် ​ခံစားနေရပြီး ​အဲဒီလူတွေကို ​ယာယီ ​ခိုလှုံရေး ​စခန်းမှာ ​နေရာ ​ချထားပေးနေရပါတယ်။ စနေနေ့ကတည်းက ​၃၀၀ ​မီလီမီတာလောက် ​ရွာသွန်းတဲ့ ​မိုးတွေကြောင့် ​တံတားတွေ၊ ​လမ်းတွေလည်း ​ပျက်စီးကုန်လို့ ​ပျက်စီးသွားတဲ့ ​အိမ်တွေ၊ ​အဆောက်အဦးတွေကို ​ပြင်ဆင်မွမ်းမံဖို့အတွက် ​စက်ပစ္စည်းတွေ ​သယ်ဆောင်လို့ ​မရပဲ ​ဖြစ်နေရပါတယ်။

ပျောက်ဆုံးနေတဲ့ ​လူတွေကိုလည်း ​တွေ့ကရ ​ပစ္စည်းတွေ၊ ​လက်ဗလာတွေနဲ့ပဲ ​ရှာဖွေပြီး ​အကူအညီပေးနေရတယ်လို့ ​ကြက်ခြေနီ ​အသင်းကလည်း ​ပြောပါတယ်။

မိုးခေါင်ရေရှားပြီး ​ပူပြင်းတဲ့ ​အယ်လ်နီညို ​ရာသီဥတု ​ဖြစ်စဉ် ​ကုန်ဆုံးလာတာနဲ့အမျှ ​အယ်လ်နီညိုရဲ့ ​ဆန့်ကျင်ဘက် ​ရာသီဥတု ​ဖြစ်စဉ်တွေ ​ဖြစ်ပေါ်တတ်တဲ့အတွက် ​မြေပြိုမှုတွေ၊ ​မိုးသည်းထန်မှုတွေနဲ့ ​ရေကြီးမှုတွေ ​ဖြစ်နိုင်တယ်ဆိုပြီး ​အာဏာပိုင်တွေက ​အရင်ကတည်းက ​သတိပေးထားတာရှိလို့ ​လက်ဖက် ​စိုက်ပျိုးတဲ့ ​ဒေသက ​လူအများအပြား အရင်ကတည်းက ​ပြောင်းရွှေ့မှုတွေ ​လုပ်ခဲ့ကြတာတွေ ​ရှိခဲ့တယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia


Leave a Reply