ပါရီတိုက်ခိုက်မှု သံသယရှိသူ အဗ္ဗဒီဆလမ်းကို ဘယ်လ်ဂျီယံမှ ပြင်သစ်သို့ လွှဲပြောင်းပေး

_88938077_abdeslam

ပြီးခဲ့သည့် နိုဝင်ဘာ တွင် လူ ၁၃၀ ဦး သေဆုံးစေခဲ့ သော ပါရီမြို့ တိုက်ခိုက်မှုများ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်သူအဖြစ် သံသယရှိခြင်း ခံရသော ဆာလေး အဗ္ဗဒီဆလမ်းကို ဘယ်လ်ဂျီ ယံနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့သည်ဟု နှစ်နိုင်ငံမှ အစိုးရရှေ့နေများက ဧပြီ ၂၇ ရက် တွင် ပြောသည်။

အသက် (၂၆) နှစ်အရွယ်ရှိ အဗ္ဗဒီဆလမ်းကို ပါရီတိုက်ခိုက်မှုများ ဖြစ်ပွားပြီး လေးလခန့် ရှာဖွေမှုများ ပြုလုပ်ခဲ့ရပြီးနောက် မတ်လ ၁၈ ရက်တွင် ဖမ်းဆီး ရမိခြင်းဖြစ်သည်။ ၎င်းသည် ဧပြီ ၂၇ ရက်တွင် ပြင်သစ် တရားသူကြီးများရှေ့၌ အစစ်ဆေးခံရမည်ဖြစ်သည်။

ဆာလေးအဗ္ဗဒီဆလမ်းကို ဧပြီ ၂၇ ရက်နံနက်တွင် ပြင်သစ် အာဏာပိုင်များလက်သို့ လွှဲအပ်လိုက်သည်ဟု ဘယ်လ်ဂျီယံ အစိုးရရှေ့နေများက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် အဗ္ဗဒီဆလမ်း၏ ဘယ်လ်ဂျီယံ ရှေ့နေနှင့်အတူ အကျဉ်းထောင်၌ အဗ္ဗဒီဆလမ်းကို သွားရောက် တွေ့ဆုံခဲ့သည်ဟု ဖရန့်ဘာတန် က ပြောကြားခဲ့သည်။

အဗ္ဗဒီဆလမ်းက ၎င်းသည် ပါရီတိုက်ခိုက်မှုများအတွက် လိုအပ်သည့် ထောက်ပံ့ပို့ဆောင်ရေးများကို စီစဉ်ပေးခဲ့ကြောင်းနှင့် အားကစားကွင်း၌ အသေခံဗုံးခွဲရန် အစီအစဉ်ရှိခဲ့သော်လည်း စိတ်ကူးပြောင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု စုံစမ်းရေးမှူးများက ပြောသည်။ ၎င်းသည် ပါရီတိုက်ခိုက်သူများကို ပို့ဆောင်ရန် ကားနှစ်စီး ငှားခဲ့သည်ဟုလည်း သံသယရှိခြင်း ခံထားရသည်။

—Ref: Reuters


Leave a Reply