ပိတ်ဆို့မှုအသစ်များပြုလုပ်ခဲ့မှုအပေါ် မြောက်ကိုရီးယားက တုံ့ပြန်လိမ့်မည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန် ပြောကြား

ပြုံယမ်း စက်တင်ဘာ ၁၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ် ခဲ့သည့် အရေးယူပိတ်ဆို့မှုများ အတွက် မြောက်ကိုရီးယားသည် အမေရိကန်ပြည်ထောင်စု၏ သမိုင်းကြောင်းတွင် အခက်ခဲဆုံးသော အခြေအနေ သို့ ရောက်ရှိလာစေမည့် လက်တုံ့ပြန်မှုများ လုပ်ဆောင်လာ လိမ့်မည်ဖြစ်သည်ဟု ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန် ကင်ဟွန် ဂျွန်းက အဂ¯နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးနယ်ပယ်တို့တွင် စိန်ခေါ်မှုများပြုလုပ်လျက်ရှိနေပြီး ယင်းစိန်ခေါ်မှုများကို မြောက်ကိုရီးယား က တုံ့ပြန်ရန် အသင့်ပင်ဖြစ်ကြောင်း၊ ထိုသို့ တုံ့ပြန်သွားရန်ဆန္ဒသည် မြောက်ကိုရီးယားတပ်မတော်နှင့် မြောက်ကို ရီးယားပြည်သူတို့၏ မတုန်မလှုပ် ခိုင်မာသောဆန္ဒဖြစ်ကြောင်း သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကင်ဟွန်ဂျွန်း၏ ပြောကြားချက်ကို ကိုးကားလျက် အင်တာဖက်စ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားသို့ရေနံတင်ပို့မှုကို ၃ဝ ရာခိုင်နှုန်းနီးပါး လျှော့ချသွားမည့် ပိုမိုတင်း$ကျပ်သည့်အရေးယူဆောင်ရွက်မှုပြုလုပ်ရန် တညီတညွတ်တည်း မဲပေးခဲ့ကြသည်။
အမေရိကန်ဒေါ်လာသန်း ၈ဝဝ တန်ဖိုးရှိ အထည်အလိပ်တင်ပို့မှုကို လည်း ပိတ်ပင်ခဲ့ပြီး ပြည်ပမှ မြောက်ကိုရီးယား လုပ်သားများအား စာတိုက်မှ ငွေပေးပို့မှုကိုလည်း တားမြစ် ပိတ်ပင်ခဲ့သည်။

မြောက်ကိုရီးယားသည် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများကို ကန့်ကွက်ရှုတ်ချ လိုက်ကြောင်း သံအမတ်က ပြောကြားခဲ့သည်။

(ဆင်ဟွာ)