COVID-19 ကြောင့် ကမ္ဘာတလွှား သေဆုံးသူပေါင်း တသန်းကျော်သွားပြီ

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းသေဆုံးသူဦးရေသည် ယနေ့တွင် တစ်သန်းကျော်သို့ ရောက်ရှိသွားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်မှု အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး ၄င်း၏နောက်တွင် ဘရာဇီး နှင့် အိန္ဒိယတို့က ရပ်တည်နေကြသည်။ ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူဦးရေမှာ ယမန်နေ့တွင် ၃၂ ဒသမ ၉ သန်းသို့ ရောက်ရှိနေပြီး ၂၂ ဒသမ ၈ သန်း ပြန်လည်သက်သာကောင်းမွန်သွားပြီ ဖြစ်သည်။ UAE နိုင်ငံတွင် ယမန်နေ့၌ အသစ်ကူးစက်ခံရသူဦးရေ ၈၅၁ ဦး ရှိပြီး တစ်ဦးသေဆုံးခဲ့ကာ ယနေ့အချိန်အထိ ပြန်လည်သက်သာကောင်းမွန်သွားသူ ဦးရေသည် ၈၆၈ ဦး ရှိခဲ့သည်။ UAE တွင် စုစုပေါင်း ကူးစက်ခံရသူ အရေ အတွက် ၉၁၄၆၉ ဦးရှိနေပြီဖြစ်ပြီး စုစုပေါင်းသေဆုံးသူဦးရေ ၄၁၂ ဦးရှိနေပြီဖြစ်ကာ ပြန်လည်သက် သာကောင်းမွန်သွားသူအရေအတွက် ၈ဝ၅၄၄ ဦး ရှိနေပြီဖြစ်သည်။ Ref: The National