အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်းကျော်ရှိလာ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ကပ်ဘေးကြောင့် သေဆုံးသူ ဦးရေဟာ သြဂုတ်လ  ၁၇ ရက်မှာ အယောက် ၅၀၀၀၀ ကျော် ရှိသွားပါပြီ။ နိုင်ငံတွင်း အတည်ပြုပြီးသမျှ ကူးစက်ခံ လူဦးရေ စုစုပေါင်းကတော့ ၂ ဒသမ ၆၅သန်းပါ။ ရောဂါကူးစက်မှုဟာ မြို့အသေးလေးတွေဆီကနေ  ကျေးလက်ဒေသထိ ပျံ့နှံ့ရောက်ရှိ သွားတာကို အစိုးရရဲ့ နောက်ဆုံးရ သတင်းအချက်အလက် တွေက ပြနေပါတယ်။

ရေခဲစိမ် ကြက်တောင်ပံမှာ Covid-19 ပိုးတွေ့ရှိဟု တရုတ်ပြောဆို

ဘရာဇီးနိုင်ငံမှ တရုတ် နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့သို့ တင်သွင်းသော အေးခဲကြက် တောင်ပံနမူနာများတွင် ကိုရိုနာ ဗိုင်းရပ်စ်များ စစ်ဆေးတွေ့ရှိ ကြောင်းယင်းမြို့၏ အစိုးရက ကြာသပတေးနေ့က ပြောကြား သောကြောင့် ညစ်ညမ်းနေသော အစားအစာ တင်သွင်းမှုများ ကြောင့် ရောဂါပျံ့နှံ့မှုများ ထပ်မံ ဖြစ်ပွားနိုင်သည်ဆိုသော စိုးရိမ်မှုများ ထွက်ပေါ်လာသည်။

COVID-19 ကာကွယ်ဆေးများ ကြိုတင်မှာယူမှု ဆေးအလုံးရေ ငါးဘီလီယံကျော်အထိရှိ

ဝါရှင်တန်- စမ်းသပ်မှုများအတွင်း ထိရောက်မှုရှိကြောင်း အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေး တစ်မျိုးမျှ မရှိသေးသော်လည်း ကမ္ဘာတစ်ဝန်း ကြိုတင်မှာယူထားသည့် ကာကွယ်ဆေးအလုံးရေ ၅ ဒသမ ၇ ဘီလီယံ ရှိသည်။

အနောက်တိုင်းမှ ကာကွယ်ဆေးသုံးမျိုးနှင့် တရုတ်မှ ကာကွယ်ဆေးနှစ်မျိုးကို လူထောင်ချီ ပါဝင်သည့် အဆင့် (၃)စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

ဘေရွတ်မှာ အလွန်ကြီးမားတဲ့ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွား၊ အနည်းဆုံး ၇၈ ဦး သေဆုံးပြီး ၄,၀၀၀ နီးပါး ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ အလွန်ကြီးမားတဲ့ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲမှုကြီးနှစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၈ ဦး သေဆုံးပြီး လူဦးရေ ၄,၀၀၀ နီးပါး ဒဏ်ရာရခဲ့ကာ အနီးအနားရှိ အဆောက်အအုံများ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုကြီးကြောင့် အဝေးအရပ်က အဆောက်အအုံများပင် တုန်ခါမှုဖြစ်ခဲ့ပြီး မြို့တော်တစ်ဝန်း ထိတ်လန့်သွေးပျက်ခဲ့ရကာ ဝရုန်းသုန်းကား အခြေအနေတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဂျပန်အာဏာရပါတီ TikTok တားမြစ်ရန် ပြင်ဆင်နေ

ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ်က ဂျပန်နိုင်ငံမှာ TikTok အပါအဝင် တရုတ်ကုမ္ပဏီတွေက တီထွင်ထားတဲ့ ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေ အသုံးပြုတာကို ကန့်သတ်ဖို့  အကြံပြုတဲ့ မူဝါဒ ချမှတ်ခဲ့ပါတယ်။

ပါတီရဲ့ ဥပဒေရေးရာပါလီမန်အဖွဲ့ချုပ် ဥက္ကဋ္ဌ အမရီအခီရက နိုင်ငံရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ တရုတ်နိုင်ငံဘက်ကို ယိုစိမ့်မှု ပေါက်ကြားနိုင်မှုကို ကာကွယ်ဖို့နဲ့ လုံခြုံမှု ရှိရေးအတွက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေပြီး အသုံးပြုမှုကို ကန့်သတ်တဲ့ ဥဒေတွေကို ရေးဆွဲပြဋ္ဌာန်းဖို့ အစိုးရကို အမြန်ဆုံးတောင်းဆိုသွားမယ် လို့ ပြောပါတယ်