အိန္ဒိယ၏ အကြီးဆုံးလေကြောင်းလိုင်း IndiGo ၀န်ထမ်းဦးရေ ၂၄၀၀ နီးပါး လျှော့ချမည်

အိန္ဒိယလေကြောင်းလိုင်း IndiGo က Covid-19 ကြောင့် လေကြောင်းခရီးစဉ်များ ပျက်ပြားရသည့် ဒဏ်ရခတ်ခံနေရမှုကို မည်ကဲ့သို့ ပြင်းထန်ခက်ခဲစွာခံစားရင်ဆိုင်နေရသည်ဆိုသည်ကို ထုတ်ဖော်ပြောကြား လာသည်။ အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံးလေကြောင်းလိုင်းဖြစ်သည့် IndiGo က ၀င်ငွေအလွန်ကျဆင်းမှုနှင့်အတူ ပြဿနာဖြင့် လုံးထွေးရင်ဆိုင်ဖြေရှင်းနေရသည်ဖြစ်ရာ ၎င်း၏ ၀န်ထမ်း ၁၀ ရာခိုင်နှုန်းကိုလျှော့ချသွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇွန်လတွင် ၎င်းအနေဖြင့် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၃၃ သန်းကို လျှော့ချသွားမည်ဟု IndiGo က ကြေငြာခဲ့သည်း ကမ္ဘာတစ်ဝန်းရှိ လေကြောင်းလိုင်းများသည် ကို၇ိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် လရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်မှုများ၏ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင် ခံစားနေရလျက်ရှိသည်။ အဆိုပါ IndiGo လေကြောင်းလိုင်းသည် အိန္ဒိယနိုင်ငံတွင် တင်းကျပ်သည့် အသွားအလာ ပိတ်ပင်ကန့်သတ်မှုများ ချမှတ်ထားသည်ဖြစ်ရာ လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားရသည်မှာ လပေါင်းများစွာ ကြာမြင်နေ့ပြီဖြစ်သည်။။ ၎င်းလေကြောင်းလိုင်း၏ ၀န်ထမ်းဦးရေ စုစုပေါင်းမှာ ၂၄၀၀၀ ခန့်ရှိသည့်အတွက် ယခုအလုပ်လျှော့ချမည့် အစီအစဉ်အ ၀န်းထမ်းဦးရေ ၂၄၀၀ ခန့် အလုပ်ထုတ်ခံရမည်ဖြစ်သည်။  Ref: BBC News