ဥရောပ ခေါင်းဆောင် ၄ ဦး ကိယက်ဗ် သို့ သွားရောက်

ယူကရိန်း၊ ဇွန် ၁၆

ဥရောပ၏ စီးပွားရေးနယ်ပယ်တွင် အင်အားကြီး ၃ နိုင်ငံဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ရိုမေးနီးယားနိုင်ငံမှ ခေါင်းဆောင်များသည် ရုရှား-ယူကရိန်းအရေးအခင်း၌ ယူကရိန်းဘက်မှ ဥရောပနိုင်ငံများ စုပေါင်းထောက်ခံနေသည် ကို ပြသသည့်အနေဖြင့် ဇွန်လ ၁၆ ရက် ကြာသပတေးနေ့တွင် ကိယက်ဗ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဆီးရီးယားမြေပြင်စစ်ဆင်ရေးမှာ IS ထိပ်သီးခေါင်းဆောင်တစ်ဦးကို ဖမ်းမိကြောင်း အမေရိကန်ကြေညာ

ယနေ့မနက်အစောပိုင်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ မြေပြင်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာမှာ အရေးပါတဲ့ IS ခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ IS ခေါင်းဆောင်ဟာ ဖောက်ခွဲရေးကျွမ်းကျင်သူ၊ ဗုံးထုတ်လုပ်ဖန်တီးသူဖြစ်ပြီး ဆီးရီးယားအခြေစိုက် ထိပ်တန်း IS ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ယူကရိန်းကို ဒေါ်လာ ၁ ဘီလီယံ ထပ်မံပံ့ပိုးမည်ဟု အမေရိကန် အတည်ပြု

ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က အတည်ပြုလိုက်ပါတယ်။  ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန့်ကြီးများ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလို အတည်ပြု ပြောဆိုသွား တာပါ။ ဒီအကူအညီထဲမှာ သင်္ဘောဖျက် ဒုံးကျည် ၊ ဟောင်ဝစ်ဇာ အမြောက်နဲ့  လက်နက်ကြီးတွေ ပါဝင်မှာဖြစ် တယ်လို့ ပြောပါတယ်။ အဲဒီလက်နက်စာရင်းတွေထဲမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီး အရေးပေါ် တောင်းခံ နေတဲ့ လက်နက်တွေလည်း ပါဝင်နေပါတယ်။ အစည်းအဝေးမှာ လွိုက်ဩစတင်က အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို စစ်လက်နက်တွေ အမြန်ပံ့ပိုးပြီး ရုရှားနဲ့ စစ်မက်ရင်ဆိုင်နေတဲ့ ယူကရိန်းကိုကူညီရာမှာ ကတိကဝတ် တွေကို သက်သေပြဖို့လည်း သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။ -Ref:AFP

ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်အသုံးပြုလာနိုင်သည့် အန္တရာယ်နှင့်ရင်ဆိုင်နေရဟု ဆွီဒင်သုတေသနအဖွဲ့ ဆို

ကမ္ဘာပေါ်တွင် စစ်အေးကာလနောက်ပိုင်း နျူကလီးယားလက်နက်များ အသုံးပြုလာနိုင်သည့် အမြင့်ဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဆွီဒင်သုတေသနအဖွဲ့တစ်ဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့ပြင် နျူကလီးယားလက်နက်ပိုင်ဆိုင်မှုများသည်လည်း လာမည့် ၁၀ စုနှစ်အတွင်း ပိုမိုကြီးထွားလာမည်ဟု စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာနက ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၂၇၀၅ ခု ရှိမည်ဟု အဆိုပါအဖွဲ့က ခန့်မှန်းထားပြီး ယင်းအရေအတွက်မှာ ယမန်နှစ်ကထက် ၃၇၅ ခု နည်းပါးနေသည်။

အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၂၄ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ စတင်ပြီ

ဂျာကာတာ၊ ဇွန် ၁၄ ရက်

ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ ခုနှစ်၌ ရွေးချယ်မည့် သမ္မတအသစ်၊ ဒေသဆိုင်ရာခေါင်းဆောင်များနှင့် ဥပဒေပြုလွှတ်တော် ဆိုင်ရာနေရာများ အတွက် အကြိုရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား ဇွန်လ ၁၄ ရက် အင်္ဂါနေ့၌ တရားဝင်စတင်ခဲ့ပြီဖြစ်သည်။

ဆီဗီရာရို ဒွန်းညက်စ်မြို့အား ရုရှားတပ် ပိတ်ဆို့ဖြတ်တောက်

ယူကရိန်းအရှေ့ပိုင်းဒေသက ဆီဗီရာရို ဒွန်းညက်စ်ကို ရုရှားတပ်တွေက ပိတ်ဆို့ဖြတ်တောက်ပြီး ထိန်းချုပ် ထားလိုက်ပြီဖြစ်ပါတယ်။ ဒီပိတ်ဆို့ဖြတ်တောက်မှုကို ယူကရိန်းခွဲထွက်ရေး သူပုန်တွေနဲ့အတူ ရုရှားတပ်တွေက လုပ်ဆောင်ခဲ့တာပါ။ အဲဒီအတွက် ဆီဗီရာ ဒွန်းညက်စ်မြို့အတွင်း ယူကရိန်းတပ်တွေအတွက် လက်နက်ချဖို့ ကလွဲရင် တခြားရွေးချယ်စရာမရှိတော့ဘူးလို့ ရုရှားတပ် ထိပ်တန်းအရာရှိ တစ်ယောက်ကပြောပါတယ်။  ဆီဗီရာရို ဒွန်းညက်စ်မြို့နဲ့ လိုင်ဆေးချန့်ခ် ဆက်သွယ်ထားတဲ့တံတားကို ဖောက်ခွဲပစ်လိုက်ပြီးနောက် မြို့ကိုပိတ်ဆို့ခံထားခဲ့ရ တာလို့ ဒွန်းညက်စ် ခွဲထွက်ရေး သူပုန်ဖြစ်တဲ့ ဒွန်းညက်စ်ပြည်သူ့စစ်ခေါင်းဆောင်တစ်ယောက် ကပြောပါတယ်။ မြို့တွင်းထဲက ယူကရိန်းတပ်တွေအနေနဲ့ တခြားရွေးစရာမရှိဘဲ အဇော့စတောလ်မြို့ဥပမာကို လိုက်ပြီး လက်နက် ချဖို့ပဲ ကျန်တော့တယ်လို့ သူကဆိုပါတယ်။ ဆီဗီရာရို ဒွန်းညက်စ်ဟာ ယူကရိန်းရှေ့ပိုင်း ဒွန်းဘက်စ်ဒေသ တိုက်ပွဲ တွေရဲ့ အဓိကဗဟိုချက်ဖြစ်ပြီး  မြို့တွင်းမှာ ယူကရိန်းတပ်သား တစ်သောင်းလောက်ကျန်ရှိနေသေးတာဖြစ်ပါ တယ်။

ရုရှားတွင် လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်သည့် IBM

ရုရှားမှာ IBM ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Arvind Krishna က ဝန်ထမ်းတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။

IBM ဟာ မတ်လကတည်းက ရုရှားမှာရှိတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားခဲ့ပေမယ့် အဲဒီကဝန်ထမ်းတွေကိုတော့ လစာ ဆက်လက်ပေးထားပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရေရှည်ရွေးချယ်စရာတွေကို အကဲဖြတ်နိုင်ဖို့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ IBM က ထုတ်ပြန်ထားပါတယ်။

ဘန်ကောက်ရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီးအား ဆန္ဒပြ

ဘန်ကောက်၊ဇွန် ၁၃

ထိုင်းကာကွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်​အော်စတင် ကို တနင်္လာနေ့ နေ့လည်ပိုင်းက ဝန်ကြီးဌာနတွင် ကြိုဆိုခဲ့သည်။

ဝန်ကြီးဌာနအပြင်ဘက်တွင် ရှပ်နီဝတ်ပါတီခေါင်းဆောင်ဟောင်း Jatuporn Prompan ဦးဆောင်သည့် ဆန္ဒပြသူများနှင့် လက်ယာယိမ်း အမျိုးသားရေးဝါဒီအချို့က ​အော်စတင် နှင့် USA ကို ရှုတ်ချပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအား စစ်ရေးပဋိပက္ခများဖြစ်​နေသည့်အခြားနိုင်ငံများအဖြစ်သို့​​မရောက်​​ရောက်အောင် လုပ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားရင်း ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေများလာလိမ့်မယ်လို့ ပညာရှင်အဖွဲ့ ပြောကြား

စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ တစ်ကမ္ဘာလုံးမှာ နျူးကလီးယားလက်နက်တွေ တိုးတက်များပြား လာနိုင်ကြောင်းနဲ့ နျူလက်နက်တွေ အသုံးပြုနိုင်တဲ့အန္တရာယ်လည်း ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးဖြစ်နေကြောင်း ပဋိပက္ခနဲ့လက်နက်တပ်ဆင်ရေးကို စောင့်ကြည်လေ့လာနေတဲ့ ပညာရှင်အဖွဲ့ တစ်ဖွဲ့ကပြောပါတယ်။

ရုရှားက ယူကရိန်းကိုကျူးကျော်တာနဲ့ အနောက်တိုင်းက ယူကရိန်းကိုထောက်ခံနေတာတွေက ကမ္ဘာ့နျူးကလီးယားအင်အားကြီးနိုင်ငံ ကိုးနိုင်ငံကြားက တင်းမာမှုတွေကို မြင့်တက်လာစေခဲ့တယ်လို့ စတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ရဲ့စာတမ်းသစ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံ ရန်ချီမြို့တွင် ဘာသာရေးအဓိကရုဏ်းဖြစ်ပြီး ဆယ်ကျော်သက် ၂ ဦးသေဆုံး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဂျာခန်ပြည်နယ်၊ ရန်ချီမြို့မှာ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင် တွေ ဇွန် ၁၀ ရက်က ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဆယ်ကျော်သက် နှစ်ယောက် သေဆုံးခဲ့ပါတယ်။

လက်ရှိ အာဏာရပါတီ အရာရှိ နှစ်ယောက်က တမန်တော် မိုဟာမတ်နဲ့ ပတ်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးခဲ့ပြီးတဲ့နောက် ခုလိုဖြစ်တာလို့ ရဲက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။