COVID-19 ကာကွယ်ဆေးများ ကြိုတင်မှာယူမှု ဆေးအလုံးရေ ငါးဘီလီယံကျော်အထိရှိ

ဝါရှင်တန်- စမ်းသပ်မှုများအတွင်း ထိရောက်မှုရှိကြောင်း အတည်ပြုထားသည့် COVID-19 ကာကွယ်ဆေး တစ်မျိုးမျှ မရှိသေးသော်လည်း ကမ္ဘာတစ်ဝန်း ကြိုတင်မှာယူထားသည့် ကာကွယ်ဆေးအလုံးရေ ၅ ဒသမ ၇ ဘီလီယံ ရှိသည်။

အနောက်တိုင်းမှ ကာကွယ်ဆေးသုံးမျိုးနှင့် တရုတ်မှ ကာကွယ်ဆေးနှစ်မျိုးကို လူထောင်ချီ ပါဝင်သည့် အဆင့် (၃)စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်သည်။

ထင်မှတ်မထားသော ကြေညာမှုတစ်ရပ်အတွင်း ရုရှား သမ္မတ ဗလာဒီမာပူတင်က ဆိုဗီယက်ဂြိုဟ်တု၏ အမည်အတိုင်း ပေးထားသော Sputnik V ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်း အင်္ဂါနေ့က ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ သုတေသန ဓာတ်ခွဲခန်းများက ကာကွယ်ဆေး အမြန်ဖော်ထုတ်ရေး ကြိုးပမ်းနေကြပြီး ယခုနှစ်ကုန် (သို့မဟုတ်) လာမည့်နှစ်တွင် အသုံးပြုနိုင်ရေး အထောက်အကူ ဖြစ်စေရန်အတွက် ၎င်းတို့အား ငွေကြေး သန်းနှင့်ချီပြီး ထောက်ပံ့မှုများ ရှိနေသည်။

အမေရိကန်အစိုးရက ကာကွယ်ဆေးဖော်ထုတ်ရေးလုပ်ငန်း ခုနစ်ခုကို ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ ထုတ်ပေးထားပြီး ကာကွယ်ဆေး သန်း ၇၀၀ ထုတ်လုပ်ရေး ယင်းကုမ္ပဏီများအနက် ငါးခု နှင့် စာချုပ် ချုပ်ဆိုထားသည်။

ဂျပန်နိုင်ငံကလည်း ကုမ္ပဏီ သုံးခုမှ ကာကွယ်ဆေးအလုံး ပေါင်း သန်း ၄၉၀ မှာယူထားသည်။

ဘရာဇီးကလည်း အလားအလာကောင်းသည်ဟု ထင်ရသော ကာကွယ်ဆေးအလုံးရေ သန်း ၁၀၀ မှာယူထားသည်။

ရုရှားက ၎င်းတို့ကာကွယ်ဆေး တစ်ဘီလီယံအထိ နိုင်ငံပေါင်း ၂၀ က ကြိုတင်မှာယူထားကြောင်း ပြောသည်။

AFP/7days