မြောက်ကိုရီးယားနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကင်မ်ဆောင်းက ကုလသမဂ္ဂအထွေထွေညီလာခံသို့ မိန့်ခွန်းပြောကြားခဲ့ရာတွင် မြောက်ကိုရီးယားနိုင်ငံသည် စစ်ရေးထက် စီးပွားရေးကို ဦးစား ပေးဆောင်ရွက်လျက်ရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကုလသမဂ္ဂအဖွဲ့နှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးသင့်သည်ဟု တောင်းဆိုခဲ့သည်။ ကင်မ်ဆောင်းက ‘မြောက်ကိုရီးယားဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ တည်ဆေက် နိုင်ခဲ့ပြီဖြစ်လို့ စီးပွားရေးကဏ္ဍကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ကပ်ရောဂါကို ထိန်းချုပ်နိုင်တဲ့အခြေအနေကိုပါ ပိုင်ဆိုင်ထားတာကြောင့် စီးပွားရေးကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီလို ကြိုးပမ်းတဲ့နေရာမှာ ပိတ်ဆို့အရေးယူမှုတွေက အဟန့်အတားတွေ ဖြစ်နေလို့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှား ပေးဖို့ လိုအပ်ပါတယ်’ဟု ပြောကြားခဲ့သည်။ Ref; CBS
နှစ်နှစ်အတွင်း အမေရိကန်သမ္မတ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ဟုဆို
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်များအတွင်း ၌ ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာပေးဆောင်ခဲ့သည်ဟု နယူးယောက် တိုင်းမ်သတင်းဌာနက ဖော်ပြသည်။
နယူးယောက်တိုင်းမ်သတင်းဌာနသည် ဒေါ်နယ်ထရန့်၏ ဝင်ငွေခွန်ပေးဆောင်မှုမှတ်တမ်းများကို လေ့လာပြီးနောက် ဒေါ်နယ် ထရန့်သည် အမေရိကန်သမ္မတရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂ဝ၁၆ ခုနှစ် မှ စတင်ကာ သမ္မတအဖြစ်သို့ ရောက်ရှိခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ဝင်ငွေခွန် အမေရိကန်ဒေါ်လာ ၇၅ဝ သာ ပေးဆောင်ခဲ့သည်ဟု တွေ့ရှိခဲ့ခြင်းဖြစ်သည်။
COVID-19 ကြောင့် ကမ္ဘာတလွှား သေဆုံးသူပေါင်း တသန်းကျော်သွားပြီ
အမေရိကန်၌ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ နှစ်သိန်းရှိလာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ ၂၀၀,၀၀၀ ရှိပြီလို့ ဂျွန်စ် ဟော့ပကင်းစ် Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်ပါတယ်။
ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှု မပြုခင်က ကိုဗစ်-၁၉ ကြောင့် ကနဦီးသေဆုံးမှုတွေကို တခြားအကြောင်းတွေ ကြောင့်လို့ မှတ်ယူခဲ့တာ ဖြစ်နိုင်တဲ့အတွက် လက်တွေ့မှာ ကိန်းဂဏန်း ဒီ့ထက်များနိုင်တယ်လို့လည်း ဆိုပါတယ်။
COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်
COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒီဆူဂါအား ရွေးချယ်တင်မြှောက်
ဂျပန်လွှတ်တော်များသည် လက်ရှိ အာဏာရပါတီက ရွေးချယ်လိုက်သော ခေါင်းဆောင်သစ်ဖြစ်သည့် ယိုရှီဟီဒီဆူဂါ အား ဝန်ကြီးချုပ်သစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
ယိုရှီဟီဒီဆူဂါသည် အသက် ၇၁ နှစ် အရွယ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ညာလက်ရုံးဟု သတ်မှတ်ခံရသူဖြစ်သောကြောင့် ဂျပန်နိုင်ငံ၏ မူဝါဒပိုင်းသည် အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိဟု သုံးသပ်ကြသည်။
အီရန်ကို ဒေါ်နယ်ထရန့် ပြင်းပြင်းထန်ထန် သတိပေး
အိန္ဒိယက ဘရာဇီးကို ကျော်ပြီး ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာ
အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု အရေအတွက်မှာ ၄ ဒသမ ၂ သန်း ကျော်သို့ ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ဘရာဇီးနိုင်ငံကို ကျော်၍ ကမ္ဘာ့ဒုတိယနေရာသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအရေအတွက်သည် အမေရိကန် ပြည်ထောင်စုပြီးနောက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာ့ဒုတိယအများဆုံး အရေအတွက် လည်းဖြစ်သည်။ အိန္ဒိယသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှု တွင်လည်း ခုနစ်သောင်းကျော်ရှိခဲ့ရာ အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ ပြီးနောက် ကမ္ဘာ့တတိယနေရာတွင် ရှိနေသည်။
ဂျပန် တိုင်ဖုန်းမုန်တိုင်း အားပျော့သွားပေမယ့် စံချိန်တင်မိုးကြီးပြီး မြေပြိုတာတွေ ရှိနိုင်
ဂျပန်နိုင်ငံ တောင်ပိုင်းကို ပြင်းထန်စွာ တိုက်ခတ်နေတဲ့ အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းကြောင့် ဒေသခံပြည်သူ ၁.၈ သန်းကို ဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ထားပါတယ်။
မုန်တိုင်းဒဏ်ခံရသည့်ဒေသများတွင် အလျင်မြန်ဆုံး အကူအညီပေးရန် မြောက်ကိုရီးယားခေါင်းဆောင်ညွှန်ကြား
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုအန်သည် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် အကူအညီများကို လျင်လျင်မြန်မြန် အကူအညီပေးရန် ညွှန်ကြားခဲ့သည့်အပြင် မုန်တိုင်းဒဏ်ခံဒေသများသို့ ကိုယ်တိုင်သွား ရောက်ကာ အကူအညီပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော် ပြသည်။