မုန်တိုင်းဒဏ်ခံရသည့်ဒေသများတွင် အလျင်မြန်ဆုံး အကူအညီပေးရန် မြောက်ကိုရီးယားခေါင်းဆောင်ညွှန်ကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုအန်သည် မုန်တိုင်းဒဏ်ခံရသည့် ဒေသများတွင် အကူအညီများကို လျင်လျင်မြန်မြန် အကူအညီပေးရန် ညွှန်ကြားခဲ့သည့်အပြင် မုန်တိုင်းဒဏ်ခံဒေသများသို့ ကိုယ်တိုင်သွား ရောက်ကာ အကူအညီပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော် ပြသည်။

ကမ်းရိုးတန်းဒေသများ အပါအဝင် မုန်တိုင်းဒဏ်ကြောင့် နေအိမ် ၁ဝဝဝ ခန့်ပျက်စီးခဲ့သည့်အပြင် အရေးပေါ် အကူအညီများ လိုအပ်လျက် ရှိသောကြောင့် ကင်မ်ဂျုအန်သည် လိုအပ်သည်များကို ဖြည့်ဆည်းရန် အတွက် ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိခိုက်ပျက်စီးမှုများထဲတွင် စိုက်ခင်းများပါ ပါဝင်ခဲ့သည့်အပြင် အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း အတည်ပြုထားသည်။ ကင်မ်ဂျုအန်က မြောက်ကိုရီးယားအလုပ်သမားပါတီဝင် ထောင်ဂဏန်း ခန့်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် အရေးပေါ် အကူအညီပေးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ညွှန်ကြားခဲ့သည်။ ထို့ပြင် မူဝါဒ ချမှတ်ရေးကော်မတီ အစည်းအဝေးခေါ်ယူကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ Ref; KCNA