အမေရိကန်မှာ စွန့်ပစ်လော်ရီကားပေါ်မှ လူ ၄၀ ကျော် သေဆုံးလျက်တွေ့ရှိ

အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့ပြင်ပမှာ စွန့်ပစ်ထားခဲ့တဲ့ လော်ရီကားပေါ်မှာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယုံကြည်ရတဲ့ လူပေါင်း အနည်းဆုံး ၄၆ ဦးကို သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ်။

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ရုရှားနိုင်ငံ၏သမ္မတ ဗလာဒီမာပူတင်သည် အာရှအလယ်ပိုင်းရှိယခင် ဆိုဗီယက်နိုင်ငံငယ်နှစ်ခုသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း ရုရှားရုပ်သံမီဒီယာများက တနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။ယခုခရီးစဉ်သည် ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ပထမဆုံးတရားဝင်ကြေငြာကာသွားရောက်သောခရီးစဉ်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်နှင့် တာခ့်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်ဒိုသမ္မတနှင့်မော်စကိုတွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသတင်း​များကဆိုသည်။

 ရုရှား၏မဟာမိတ်တစ်ဦးဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံတစ်ခု၏ သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူဖြစ်သည့် တာဂျစ်သမ္မတမစ္စတာ Imomali Rakhmon နှင့်တာဂျစ်ကစ္စတန်၏မြို့တော် ဒူရှန်ဘဲတွင် သမ္မတပူတင်က သွား​ရောက် တွေ့ဆုံမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ အရှည်ဆုံးတံတား စတင်ဖွင့်လှစ်

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ နိုင်ငံရဲ့ အရှည်ဆုံး တံတားကြီးကို စနေနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေကြောင့် နှောင့်နှေးဆုတ် ယုတ်မှုတွေရှိနေတဲ့ကြားက အချိန် ရှစ်နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အရှည်ဆုံးတံတားကြီးလည်း ဖြစ်ပါတယ်။

အမေရိကန်၏ သေနတ်ထိန်းချုပ်ရေးဥပဒေအတွက် သမ္မတဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုး

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အ‌နေဖြင့်သိသာထင်ရှားသည့် သေနတ်ထိန်းချုပ်ရေးဥပဒေကို ဇွန် ၂၅ ရက် စနေနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယခုဥပဒေသည် ‘အသက်များကို ကယ်တင်နိုင်လိမ့်မည်’ ဟုဆိုခဲ့သည်။

ဘိုင်ဒင်သည် နိုင်ငံ၏ ပထမဆုံးသော သေနတ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဖက်ဒရယ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ ပြောစကားအရ ယခုဥပဒေကြမ်းသည် အမှန်တကယ်လိုအပ်သည့် အချက်များပါဝင်မှု နည်းပါးနေသော်လည်း “အသက်များကိုတော့ ကယ်တင်နိုင်မည်ဖြစ်သည်” ဟုဆိုသည်။

သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ ပြတ်လပ်သွား

သင်္ဘောနဲ့ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပေမယ့် ပေးပို့မှုတွေ ရက်အကန့်အသတ်မရှိ နောက်ကျသွားခဲ့လို့ သီရိလင်္ကာနိုင်ငံမှာ ဓာတ်ဆီနဲ့ဒီဇယ်တွေ ပြတ်လပ်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီး က ပြောကြားပြီး လောင်စာဆီ ပြတ်လပ်မှု ဆိုးရွားလာတာကိုလည်း သူက တောင်းပန်ခဲ့ပါတယ်။

ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ဧည့်အဝင် ၄၅သန်းရှိမည်

ဘန်ကောက် ၊ဇွန်၂၃

ထိုင်းလေဆိပ်အာဏာပိုင် (AOT) မှ ၂၀၂၂ခုနှစ်တွင် လေကြောင်းခရီးသည် ၄၅သန်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု ကြာသပတေးနေ့တွင် ခန့်မှန်းထားသည်။

 ယခုနှစ်ကုန်တွင် လေကြောင်းခရီးစဉ်ပေါင်း ​လေးသိန်း (ကိုဗစ်မတိုင်မီ၏ ၃၃ မှ ၄၅ ရာခိုင်နှုန်းအထိ) ရှိလာမည်ဟု AOT မှ ပြောကြားခဲ့သည်။

ရုရှားကျူးကျော်စစ်ကို နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ဇီလန်စကီး နှိုင်းယှဉ်ဝေဖန်

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရုရှားအစိုးရရဲ့လုပ်ရပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက် ယူနီယံကို ကျူးကျော်တိုက်ခဲ့တဲ့ နာဇီဂျာမနီတို့ရဲ့လုပ်ရပ်နဲ့ ထပ်တူထပ်မျှဖြစ်ပြီး အလွန်ဆိုးဝါးကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က နှိုင်းယှဉ်ဝေဖန်လိုက်ပါတယ်။

ဂျာမနီအာဏာရှင်ဟစ်တလာရဲ့ နာဇီတပ်တွေဟာ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်က ဆိုဗီယက်ကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး ယမန်နေ့က ၈၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒေါ်လာ ၃၄ ဘီလီယံတန် မြို့တော်သစ်ကို ဩဂုတ်တွင် တည်မည့်အင်ဒိုနီးရှား

ဂျာကာတာ၊ဇွန် ၂၃

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို သည် ဒေါ်လာ ၃၄ ဘီလီယံ ကုန်ကျမည်ဖြစ်သော မြို့တော်သစ်အား အမြန်တည်ဆောက်ရန် တွန်းအားပေးနေသောကြောင့် ဩဂုတ်လ၌ ၎င်းမြို့တော်သစ်တွင် အစိုးရ အဆောက်အအုံများ   စတင်ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါမြို့တော်သစ်အား နူစန်တာရာ ၌ ဆောက်လုပ်သွားမည်ဖြစ်ကာ သမ္မတ သည် ယင်းနေရာသို့ သွားရောက် ကြည့်ရှုခဲ့ပြီးဖြစ်သည်။

အစ္စရေးတွင် ပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပမည်

အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘဲနက် ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက် ထပ်ကျင်းပဖို့ တနင်္လာနေ့က သဘောတူလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ  သုံးနှစ်အတွင်း ငါးကြိမ်မြောက် ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်လာမှာပါ။  ဆောင်းဦးပေါက်မှာ ကျင်းပဖွယ်ရှိနေတဲ့ ဒီရွေးကောက် ပွဲကနေ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု ဦးဆောင်တဲ့ ဘာသာရေးအားသန်တဲ့ အမျိုးသားရေးဝါဒီအစိုးရ တစ်ကျော့ပြန်လာနိုင်သလို နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာနိုင်ဖွယ်ရှိနေပါတယ်။

၃နိုင်ငံ ငလျင်လှုပ်မူတွင် အာဖဂန်နစ္စတန်က အနည်းဆုံး လူ ၉၂၀ ဦးသေဆုံး

ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့အစောပိုင်း၌ အာဖဂန်နစ္စတန်နိုင်ငံရှိ ပက်တီကာ ပြည်နယ်အရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူ ၉၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါငလျင်သည် ပါကစ္စတန်နယ်စပ်အနီး ကော့စ်မြို့မှ ၄၄ ကီလိုမီတာအကွာ၌ အနက် ၅၁ ကီလိုမီတာကို ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာနမှ ပြောကြားခဲ့သည်။