ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ဧည့်အဝင် ၄၅သန်းရှိမည်

ဘန်ကောက် ၊ဇွန်၂၃

ထိုင်းလေဆိပ်အာဏာပိုင် (AOT) မှ ၂၀၂၂ခုနှစ်တွင် လေကြောင်းခရီးသည် ၄၅သန်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု ကြာသပတေးနေ့တွင် ခန့်မှန်းထားသည်။

 ယခုနှစ်ကုန်တွင် လေကြောင်းခရီးစဉ်ပေါင်း ​လေးသိန်း (ကိုဗစ်မတိုင်မီ၏ ၃၃ မှ ၄၅ ရာခိုင်နှုန်းအထိ) ရှိလာမည်ဟု AOT မှ ပြောကြားခဲ့သည်။

 ၂၀၂၃ တွင် ခရီးစဥ်​ပေါင်း ၆၆၅၀၀၀ မှ ခရီးသည် ၉၆ မီလျံ သို့ တိုးလာရန် မျှော်မှန်းထားပြီး ၂၀၂၄ တွင် ​လေယာဥ်ခရီးစဥ်​ပေါင်း ၈၉၂၀၀၀ မှ ခရီးသည် ၁၄၂ မီလျံ သို့ရောက်ရှိမည်ဟုAOT ကခန့်မှန်းထားသည်။ ၂၀၂၄ တွင်ကိုဗစ် ကာလမတိုင်မီ၏ ၉၉% ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်ဟုAOT က ဆိုသည်။

Source: Khosod