တစ်လလျှင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ခြောက်သန်းထုတ်လုပ်ရန် ရုရှားစီစဉ်

ရုရှားကျွမ်းကျင်ပညာရှင်များ အနေဖြင့် အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ယခုနှစ် နောက်ဆုံးထားပြီး တစ်လ လျှင် ၁ ဒသမ ၅ သန်းနှင့် နှစ် သန်းပမာဏအကြား ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု ရုရှားစက်မှု ဝန်ကြီး ဒန်းနစ်မန်တူရိုက ယခုလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ယင်းပမာဏ ထုတ်လုပ်ခြင်းမှ တစ်လလျှင်ခြောက်သန်းအထိလည်း တဖြည်းဖြည်းတိုးမြှင့်ထုတ်လုပ် သွားမည်ဟု အတည်ပြုခဲ့သည်။ မော်စကိုဂါမာလဲရာ တက္ကသိုလ်မှ ထုတ်လုပ်ခဲ့သော ကာကွယ်ဆေး ကို လာမည့် သီတင်းပတ်အတွင်း၌ အများအပြား စမ်းသပ်လုပ်ဆောင် သွားမည်ဖြစ်သည်။ ရုရှားအနေ ဖြင့် လူသားများကို အနည်းဆုံး နှစ်လကြာစမ်းသပ်မှုများအပြီးတွင် ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးပထမဆုံး ထုတ်လုပ် နိုင်သည့် နိုင်ငံဖြစ်လာနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။ သို့သော် ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် ပြန်လည်သုံးသပ်မှုများ လုပ်ဆောင် ရန်လိုအပ်နေသေးသည်ဟု သိပ္ပံ ပညာရှင်များနှင့်   ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)တို့က သတိပေးခဲ့သည်။   Ref: Reuters