မဟတ္တမ ဂန္ဓီ ရုပ်တု ဂါနာတက္ကသိုလ်မှာ ဖယ်ရှား

– ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ မဟတ္တမဂန္ဒီရဲ့ရုပ်တု

 

အာဖရိကတိုက် ဂါနာနိုင်ငံက တက္ကသိုလ်တခုမှာရှိတဲ့ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို ဖယ်ရှားလိုက်ပါတယ်။ အာဖရိကတိုက်သားတွေအပေါ် နှိမ့်ချစော်ကားပြော ဆိုခဲ့မှုနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားခဲ့တာပါ။ နှစ်ဆယ်ရာစုအတွင်း အိန္ဒိယနိုင်ငံ ဗြိတိသျှလက်အောက်ကလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းတဲ့ နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ မဟတ္တမ ဂန္ဒီ ရဲ့ ရုပ်တုကို အိန္ဒိယသမ္မတ ပရာနတ် မူကာဂျီက ၂ဝ၁၆ ခုနှစ်မှာ ဂါနာတက္ကသိုလ် ကို လက်ဆောင်ပေးခဲ့တာပါ။

ဂန္ဒီ ဟာ အာဖရိကတိုက်မှာ ရှေ့နေအဖြစ် နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ကိုင်ခဲ့ပါတယ်။

သူ အာဖရိကတိုက်မှာ ရှိခဲ့စဉ်အတွင်း အာဖရိကတိုက်သားတွေဟာ၊ ဗြိတိသျှ နဲ့ အိန္ဒိယလူမျိုးတွေရဲ့ လက်အောက်က အရိုင်းအစိုင်းတွေအဖြစ် ယူဆပြောဆိုရေးသားခဲ့ပြီး၊ အာဖရိက လူမည်းတွေကို နှိမ့်ချ ခေါ်ဝေါ်တဲ့ ကက်ဖီးယား ဆိုတဲ့ အမည်ကို သုံးနှုန်းခဲ့တယ်လို့ ဂါနာနိုင်ငံသားတချို့က ပြောဆိုကြ ပါတယ်။

အာဖရိကမှာ နေထိုင်ခဲ့စဉ်အတွင်း ဂန္ဓီ ရဲ့ရေးသားချက်တချို့ကို ထောက်ပြပြီး ဂါနာနိုင်ငံသားတွေက ဂန္ဒီ ရဲ့ ရုပ်တုဖယ်ရှားရေး သဘောတူလက်မှတ်ကောက်ခံခဲ့ကြပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂါနာတက္ကသိုလ် ပရဝုဏ်ထဲကနေ ဖယ်ရှားခဲ့တာပါ။

-Ref: RFA