အိုပက်အဖွဲ့မှ ကာတာနိုင်ငံ နုတ်ထွက်ပြီး သဘာဝဓာတ်ငွေ့တင်ပို့မှုများကို အာရုံစိုက်မည်ဟုဆို

ကာတာစွမ်းအင်ဝန်ကြီး ဆာအစ်အယ်လ်ခါဘီ (Eric Knecht/REUTERS)

 

၂၀၁၉ ဇန်နဝါရီတွင် အိုပက်အဖွဲ့မှ နုတ်ထွက်မည်ဖြစ်သော်လည်း ယင်းရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့၏ ယခုသီ တင်းပတ်အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကာတာနိုင်ငံက ဒီဇင်ဘာ ၃ ရက်တွင် ပြောသည်။

ယင်းဆုံးဖြတ်ချက်က ကမ္ဘာ့ထိပ်တန်း ဓာတ်ငွေ့ရည် LNG တင်ပို့သည့် နိုင်ငံအဖြစ် မိမိတို့၏ အနေအထား ခိုင်မာစေရေး အာရုံစိုက်နိုင်ရန်ဖြစ်သည်ဟု စွမ်းအင်ဝန်ကြီး ဆာအစ်အယ်လ်ခါဘီက ပြောသည်။

အိုပက်အဖွဲ့၏ ရေနံထုတ် လုပ်မှု အနည်းဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သော ကာတာသည် ယင်းအဖွဲ့၏ ခေါင်းဆောင် ဆော်ဒီအာရေးဗီးယားနှင့် သံတမန်ရေး အငြင်းပွားမှု ကြုံနေသော်လည်း ယခု ဆုံးဖြတ်ချက်သည် နိုင်ငံရေးကြောင့်မဟုတ်ဟု ဆိုသည်။

ကာတာသည် အိုပက်အဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ ၅၇ နှစ်ကြာပြီ ဖြစ်ပြီး ကြာသပတေးနှင့် သောကြာနေ့တွင် ပြုလုပ်မည့် အိုပက်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကာ ၎င်းတို့၏ ကတိများကို လိုက်နာမည်ဖြစ်ကြောင်း အယ်လ်ခါဘီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အိုပက်အဖွဲ့မှ ထွက်ခွာမည့်အကြောင်းကို ယင်းအဖွဲ့ထံ ဒီဇင်ဘာ ၃ ရက်က ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ဝန်ကြီး က ပြောသည်။

ကာတာသည် ရေနံအများအပြားထုတ်လုပ်သော နိုင်ငံ မဟုတ်သော်လည်း အိုပက်အဖွဲ့၏ ရာဇဝင်တွင် ၎င်းတို့သည် ကြီးမားသောအပိုင်းမှ ပါဝင်ခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ကာတာသည် တစ်နေ့လျှင် ရေနံစည်ခြောက်သိန်း ထုတ်လုပ်ပြီး အိုပက်၏ ရေနံအများဆုံး ထုတ်လုပ်သော၊ ကမ္ဘာတွင် ရေနံအများ ဆုံးထုတ်လုပ်သော ဆော်ဒီအာ ရေးဗီးယားက တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၁ သန်း ထုတ်လုပ်နေသည်။

 သို့သော် ကာတာသည် ကမ္ဘာ့ LNG ဈေးကွက်တွင် ဩဇာကြီးသော နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ဓာတ်ငွေ့တန်ချိန် ၇၇ သန်း ထုတ်လုပ်သည်။

 —Ref: Reuters