ကမ္ဘာ့အကောင်းဆုံးစရိတ်နည်း လေကြောင်းလိုင်းအဖြစ် Air Asia ခြောက်နှစ်ဆက်တိုက် ရွေးချယ်ခံရ

မလေးရှားလေကြောင်းလိုင်း Air Asia သည် ကမ္ဘာ့ခရီးသွားဆုများ (WTA) ဆုပေးပွဲအခမ်းအနား၌ ကမ္ဘာ့အကောင်းဆုံး စရိတ်နည်းလေကြောင်းလိုင်းအဖြစ် ခြောက်နှစ်ဆက်တိုက် ရွေးချယ်ခံရသည်။

ပေါ်တူဂီနိုင်ငံ၌ ကျင်းပသော ဆုပေးပွဲအခမ်းအနားတွင် အဆိုပါဆုကို Air Asia လုပ်ငန်းစု အကြီးအကဲများဖြစ်သည့် ဆူဟိုင်လာ ဟက်ဆန်နှင့် အူဒရေးပရိုဂက်စ် တမာပတ်ထရီနီက လေကြောင်းလိုင်း ကိုယ်စား လက်ခံရယူခဲ့သည်။

 စရိတ်သက်သာချောင်ချိရေး လေကြောင်းလိုင်း Air Asia သည် ခရီးသွားများနှင့် လုပ်ငန်း အမှုဆောင် အရာရှိများထံမှ မဲအများဆုံးရရှိခဲ့ပြီး Southwest Airlines, JetBlue, Ryanair နှင့် အခြား လေကြောင်း လိုင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့သည်။

ထို့အပြင် Air Asia သည် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်သော စရိတ်နည်းလေကြောင်းလိုင်း လေယာဉ် ဝန်ထမ်းအဖွဲ့ဆုကိုလည်း ၂ နှစ်ဆက် သိမ်းပိုက်ခဲ့သည်။

‘‘Fast Airport Clearance Experience System (FACES)၊ စက်မှာ မျက်နှာပြပြီးမှ လေယာဉ်ပေါ်တက်တဲ့စနစ်၊ Freedom Flyer Programme လိုမျိုး ဒစ်ဂျစ် တယ်စွမ်းပကား တစ်ပုံတစ်ခေါင်း အပြင် ကျွန်တော်တို့ရဲ့ ဧည့်သည် တော်တွေအတွက် ဝန်ဆောင်မှု ပေးနိုင်စွမ်းနဲ့ အံ့ဩအောင်လုပ်ပေးနိုင်စွမ်း ဆက်ပြီးတော့ တိုးတက်စေဖို့ ‘လေယာဉ်စီးသူများ ပျော်ရွှင်ရေးအဖွဲ့’ကို ကျွန်တော်တို့ တည်ဆောက်ခဲ့ပါတယ်။ ခလုတ်နှိပ်လိုက်တာနဲ့ လိုလေသေးမရှိအောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ကျွန်တော်တို့ အလုပ်ကြိုးစားနေပါတယ်’’ဟု Air Asia လုပ်ငန်းစု လေကြောင်းလိုင်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဘိုလင်ဂမ်က ပြောကြားသည်။

—Ref: Bernama/mn