ပါလက်စတိုင်းနှင့်မူဆလင်ဆန့်ကျင်သည့်ပို့စ်များကြောင့် အစ္စရေးဝန်ကြီးချုပ်သား Facebook အကောင့်ပိတ်ခံရ

အစ္စရေးဝန်ကြီးချုပ်သား ဘင်ဂျမင်နေတန်ယာဟု၏ သားဖြစ်သူက ၄င်း၏ Facebook အကောင်းအား ၂၄ နာရီ ပိတ်ပင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ပါလက်စတိုင်းလူမျိုးများနှင့် မူဆလင်များအား ဆန့်ကျင်တိုက်ခိုက်သည့် ပို့စ်များစွာ တင်ခဲ့မှုကြောင့် ယင်းကဲ့သို့ ပိတ်ပင်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရဲရ်နေတန်ယာဟုက ပါလက်စတိုင်းလူမျိုးတစ်ဦးက အစ္စရေးစစ်သားနှစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းအတွက် အပြစ်ပေးဒဏ်ခတ်ရန် တောင်းဆိုခဲ့သည့်ပို့စ်ကို Facebook မှ ဖယ်ရှားခဲ့သည်ဟု သိရသည်။ ထို့ပြင် အသက် ၂၇ နှစ်အရွယ် ရဲရ်နေတန်ယာဟုက အစ္စရေးမြေပေါ်က မူဆလင်းများအားလုံး ထွက်ခွာသွားမည်ဆိုလျှင် ပိုမိုကျေနပ်မိမည်ဟု ဖော်ပြထားသည့် ပို့စ်တစ်ခုကိုလည်း Facebook မှ ဖယ်ရှား ပြစ်ခဲ့သည်ဟု သိရသည်။ Facebook သည် ရဲတပ်ဖွဲ့ကို ဖိနှိပ်ချုပ်ထိန်းနေသည်ဟု ဝေဖန်ရှုတ်ချခဲ့ကြောင်း သိရသည်။ ယခုအချိန်အထိ Facebook မှ ၄င်းအကြောင်းအရာနှင့်ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးဟု သိရသည်။

ယမန်နေ့တွင် ရဲရ်နေတန်ယာဟုက ၄င်း၏ Facebook အကောင့်အား ၂၄ နာရီကြာ ပိတ်ပင်ထားခြင်းခံရမှုကို မကျေမနပ်စွာဖြင့် တွစ်တာတွင် ဖော်ပြခဲ့ပြီး  အဆိုပါ ဆောင်ရွက်မှုသည် ယုံနိုင်စရာပင်မရှိဟု ပြောကြားခဲ့သည်။ တွစ်တာတွင် ၄င်း၏ Facebook ပို့စ်များ ဖျက်ခံရမှုကို Screenshort များနှင့်အတူ ဖော်ပြခဲ့သည်ဟု သိရသည်။

-Ref: BBC News