အပန်းဖြေရည်ရွယ်ချက်နဲ့ ဆေးခြောက်သုံးခွင့်ပြုဖို့ ဂျာမနီအစိုးရ စီစဉ်နေ

လူငယ်လူရွယ်တွေကြားမှာ ဆေးခြောက်ကို အပန်းဖြေဖို့နဲ့ ပျော်ရွှင်မှုအတွက် တရားဝင်အသုံးပြုခွင့်ပေးဖို့ စီစဉ်နေပြီဖြစ်ကြောင်း ဂျာမနီညွန့်ပေါင်းအစိုးရက အတည်ပြုကြေညာလိုက်ပါတယ်။

သတင်းတွေအရ ဂျာမနီမှာ လူတစ်ယောက်မှာ ဆေးခြောက် ၃၀ ဂရမ် (တစ်အောင်စ) အထိ သယ်ဆောင်အသုံးပြုခွင့်ပေးမှာဖြစ်ပြီး ရောင်းချမယ့်ဆိုင်တွေအတွက်လည်း တရားဝင်လိုင်စင်ချပေးမယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို ဂျာမနီလွှတ်တော်က အတည်မပြုသေးပေမယ့် ဥရောပကော်မရှင်ရဲ့ထောက်ခံမှုနဲ့အတူ ၂၀၂၄ ခုနှစ်မှာ ဥပဒေကြောင်းအရ အတည်ပြုနိုင်မယ်လို့ ဂျာမနီကျန်းမာရေးဝန်ကြီး လော်တာဘက်ချ် က ပြောပါတယ်။

ဥရောပမှာ လက်ရှိအချိန်အထိ ဆေးခြောက်ကို တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံဆိုလို့ မော်လ်တာတစ်နိုင်ငံတည်းသာ ရှိပါသေးတယ်။ -Ref:BBC