ဆီးရီးယားမြေပြင်စစ်ဆင်ရေးမှာ IS ထိပ်သီးခေါင်းဆောင်တစ်ဦးကို ဖမ်းမိကြောင်း အမေရိကန်ကြေညာ

ယနေ့မနက်အစောပိုင်းက ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ မြေပြင်စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့ရာမှာ အရေးပါတဲ့ IS ခေါင်းဆောင်တစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဆိုပါ IS ခေါင်းဆောင်ဟာ ဖောက်ခွဲရေးကျွမ်းကျင်သူ၊ ဗုံးထုတ်လုပ်ဖန်တီးသူဖြစ်ပြီး ဆီးရီးယားအခြေစိုက် ထိပ်တန်း IS ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံတွင်းမှာ အမေရိကန်နဲ့မဟာမိတ်တပ်တွေ ပြုလုပ်တဲ့ လတ်တလော စစ်ဆင်ရေးတွေမှာ IS အဖွဲ့ဝင်ပေါင်း ရာနဲ့ချီသေဆုံးခဲ့ပြီး ထွက်ပြေးလွတ်မြောက်သူအကြမ်းဖက်သမားတွေလည်း အများအပြားရှိထား ကြောင်း သိရပါတယ်။  -Ref:The Week