ယူကရိန်းကို ဒေါ်လာ ၁ ဘီလီယံ ထပ်မံပံ့ပိုးမည်ဟု အမေရိကန် အတည်ပြု

ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးအပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဩစတင်က အတည်ပြုလိုက်ပါတယ်။  ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေတဲ့ နေတိုးအဖွဲ့ ကာကွယ်ရေးဝန့်ကြီးများ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အခုလို အတည်ပြု ပြောဆိုသွား တာပါ။ ဒီအကူအညီထဲမှာ သင်္ဘောဖျက် ဒုံးကျည် ၊ ဟောင်ဝစ်ဇာ အမြောက်နဲ့  လက်နက်ကြီးတွေ ပါဝင်မှာဖြစ် တယ်လို့ ပြောပါတယ်။ အဲဒီလက်နက်စာရင်းတွေထဲမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီး အရေးပေါ် တောင်းခံ နေတဲ့ လက်နက်တွေလည်း ပါဝင်နေပါတယ်။ အစည်းအဝေးမှာ လွိုက်ဩစတင်က အနောက်အုပ်စုအနေနဲ့ ယူကရိန်းကို စစ်လက်နက်တွေ အမြန်ပံ့ပိုးပြီး ရုရှားနဲ့ စစ်မက်ရင်ဆိုင်နေတဲ့ ယူကရိန်းကိုကူညီရာမှာ ကတိကဝတ် တွေကို သက်သေပြဖို့လည်း သတိပေး တိုက်တွန်းသွားခဲ့ပါတယ်။ -Ref:AFP