မန်စီးတီးနှင့် PSG အသင်းတို့ကို တိုင်ကြားရန်ပြင်ဆင်

မန်စီးတီး နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို ချိုးဖောက်ခဲ့ကြတယ်လို့ လာလီဂါ ပြိုင်ပွဲ ကျင်းပရေးကော်မတီက စွပ်စွဲပြီး ယူအီးအက်ဖ်အေထံတိုင်ကြားဖို့ ပြင်ဆင်နေပါတယ်။ လာလီဂါ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဂျာဗီးယားတီဘက်စ်ဟာ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ငွေအလွန်အကျွံသုံးစွဲမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းက တောင်ပံကစားသမား အမ်ဘာပီကို တစ်နှစ်လစာ ပေါင် ၆၁ သန်းပေးပြီး စာချုပ်သစ်ချုပ်ဆိုခဲ့သလို မန်စီးတီးအသင်းက နော်ဝေတိုက်စစ်မှူး ဟာလန်းကို ပေါင် ၅၁ သန်း ကျော်ပေးပြီးခေါ်ယူခဲ့တာကြောင့် ယူအီးအက်ဖ်အေထံ တိုင်ကြားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လာလီဂါရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီ အသင်းတွေဘက်က ငြင်းဆိုထားကြပါတယ်။ မန်စီးတီး အသင်းဟာ ၂၀၂၀ ခုနှစ်က ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ၂ နှစ် ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်းမှသာ ပြစ်ဒဏ်ဖြေလျှော့ပေးတာခံခဲ့ရတာ ဖြစ်ပါတယ်။