သူ့ရဲ့ သားဟာ ဘောလုံးကစားဖို့ ၀ါသနာ မပါဘူးလို့ အံ့အားသင့်ဖွယ်ရာ ထုတ်ဖော်ပြောဆိုလိုက်တဲ့ မက်ဆီ

အာဂျင်တီးနား နဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား မက်ဆီက သူ့ရဲ့သား သီယာဂိုဟာ ဘောလုံးကစားဖို့ စိတ်အားထက်သန်ခြင်းမရှိဘူးလို့ အံ့အားသင့်ဖွယ်ရာ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

အသက် ၄ နှစ်အရွယ် လူငယ်လေးဟာ ဘာစီလိုအသင်းရဲ့ ပွဲစဉ်တွေကို လာရောက် ကြည့်ရှုနေတာဟာ ဘောလုံးပေါ် ရူးသွပ်ခြင်းကြောင့်မဟုတ်ပဲ သူ့ဖခင်ရဲ့ ကစားပုံတွေကို အားပေးချင် တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

တနင်္လာနေ့က ဥရုဂွေး TV တစ်ခုနဲ့ အင်တာဗျူးမှာတော့ မက်ဆီက သူ့ရဲ့ သားနဲ့ပတ်သက်ပြီး” သီယာဂိုက ဘောလုံးကို တအားကြီး ၀ါသနာထုံတဲ့သူမဟုတ်ပါဘူး။ ဆွာရက်ရဲ့သား ဘင်ဂျမင်ဆိုရင် တစ်နေကုန် ဘောလုံးအနားကနေ ခွာတဲ့သူ မဟုတ်ပါဘူး။ အခု သူ နူးကမ့်ကိုလာပြီး ဘောလုံးပွဲတွေ ကြည့်နေတယ် ဆိုတာကလဲ သူ့ သူငယ်ချင်းအချို့ရယ်၊ ဘင်ဂျမင်ရယ်က အမြဲတမ်း လာကြည့်နေကြမို့ သူလို့ လိုက်လာပြီး အားပေးတဲ့ ပုံစံမျိုးသာ ဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Ref: Mail