အိုင်စီစီဖလားပြိုင်ပွဲတွင် ပီအက်စ်ဂျီအသင်း ဗိုလ်စွဲ

36F383D100000578-3727540-image-a-1_1470532505469

လာလီဂါချန်ပီယံ ဘာစီ လိုနာအသင်းက လီဗာပူးကို ဂိုး ပြတ်ရှုံးနိမ့်ပြီးနောက် အမေရိ ကန်နှင့် ဥရောပ၏ နိုင်ငံတကာ ချန်ပီယံကလပ်များဖလား (ICC) ကို ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီ အက်စ်ဂျီအသင်းက ရရှိခဲ့သည်။

နည်းပြ အမ်မရီ၏ ပီအက်စ် ဂျီအသင်းသည် အင်တာ၊ ရီးရဲလ် နှင့် လက်စတာအသင်းသုံးသင်း စလုံးကို အနိုင်ရပြီး သွင်းဂိုးစုစု ပေါင်း ၁၀ ဂိုးရှိကာ နှစ်ဂိုးတည်းသာ ခွင့်ပြုခဲ့ရသည်။

ဘာစီလိုနာအနေဖြင့် ပီ အက်စ်ဂျီအသင်းကို ဖြတ်ကျော်ရန် လီဗာပူးကို လေးဂိုးပြတ်အနိုင်ရရန် လိုအပ်သော်လည်း လေးဂိုးပြတ် ရှုံးနိမ့်ခဲ့သောကြောင့် လီဗာပူးက ဒုတိယနေရာရခဲ့သည်။

ပြီးခဲ့သည့် ရာသီကလည်း ယခုအကျော့တွင် အနိုင်ရခဲ့သည့် ပီအက်စ်ဂျီအသင်းသည် စနေနေ့ က ပြင်သစ်စူပါဖလား တွင် လိုင်ယွန်အသင်းနှင့် ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို့ ပြန်လာပြီဖြစ်သည်။

လီဗာပူးနှင့် ဘာကာပွဲတွင် လီဗာပူးအသင်းသားများက မက်ဆီနှင့် ဆွာရက်ဇ်တို့ကို ထိန်းချုပ်ကာ ပွဲကို ကြီးစိုးထားခဲ့ပြီး လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမိန်းက ၎င်း၏ ပထမဆုံးဂိုးကို ပွဲချိန် ၁၅ မိနစ်တွင် သွင်းယူခဲ့သည်။

လီဗာပူးအသင်းတွင် တင်ပါးဒဏ်ရာရထားသော တိုက်စစ်မှူး စတာရစ်ခ်ျ ပွဲစကတည်းက မပါဝင်နိုင်ခဲ့ဘဲ ဂျိမ်းစ်မီလ်နာ သည် ပထမပိုင်း မပြီးမီ ခြေဖနောင့်ဒဏ်ရာ ရရှိခဲ့သည်။

လီဗာပူးသည် ပရီးမီးယားလိဂ်တွင် နံပါတ် (၈) နေရာသာ ရရှိခဲ့ခြင်းကြောင့် ယခုရာသီ၌ ဥရောပတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်မဟုတ်ပေ။

—Ref: AP


Leave a Reply