ဥရောပ ခေါင်းဆောင် ၄ ဦး ကိယက်ဗ် သို့ သွားရောက်

ယူကရိန်း၊ ဇွန် ၁၆

ဥရောပ၏ စီးပွားရေးနယ်ပယ်တွင် အင်အားကြီး ၃ နိုင်ငံဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ရိုမေးနီးယားနိုင်ငံမှ ခေါင်းဆောင်များသည် ရုရှား-ယူကရိန်းအရေးအခင်း၌ ယူကရိန်းဘက်မှ ဥရောပနိုင်ငံများ စုပေါင်းထောက်ခံနေသည် ကို ပြသသည့်အနေဖြင့် ဇွန်လ ၁၆ ရက် ကြာသပတေးနေ့တွင် ကိယက်ဗ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ်သည် ရုရှား-ယူကရိန်း အရေးအခင်း စတင်ကတည်းက ယူကရိန်းမြို့တော်သို့ အခြားနိုင်ငံမှ ခေါင်းဆောင်များ ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်း၊ ဂျာမန်အကြီးအကဲ အိုလက်ဖ် ရှိုဇ်၊ အီတလီ ဝန်ကြီးချုပ် မာရီယို ဒရက်ဟိုင်းတို့သည်ယူကရိန်းမြို့တော်ကိယက်ဗ်သို့ ရထားဖြင့် အတူတကွ သွားရောက်ခဲ့ကြောင်း ပြင်သစ် သမ္မတရုံးမှ ပြောကြားခဲ့သည်။

ယူကရိန်းမှ စစ်ပြေးဒုက္ခသည်များအား ခုံလှုံခွင့်ပေးနေသော ယူကရိန်းနယ်နိမိတ် နိုင်ငံဖြစ်သည့် ရိုမေးနီးယားနိုင်ငံမှ သမ္မတာ ကလော့စ် အိုင်အိုဟန်နစ်သည် သီးခြားရထားဖြင့် ရောက်ရှိလာသည်။

ကိယက်ဗ်မြို့၌ မက်ခွန်နှင့် အခြားခေါင်းဆောင်များသည် တိုက်ခိုက်မှု ဖြစ်ပွားနေသည့် နေရာများသို့ သွားရောက်ကြည့်ရှုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိဗ်မြို့သို့ စောစီးစွာ လာရောက်ခြင်း မပြုခြင်းအတွက် ခေါင်းဆောင်များသည်လည်း ဝေဖန်ခံခဲ့ရသည်။ ရုရှားတပ်ဖွဲ့များသည် အရှေ့ဘက် ဒွန်းဘတ်ရှ် ဒေသ၌ ဖြည်းဖြည်းမှန်မှန် ထိုးစစ်ဆင်လာသောကြောင့် အနောက်နိုင်ငံ မဟာမိတ်များထံမှ လက်နက်များ ပိုမိုရရှိရန် ဇလန်စကီး အပြင်းအထန်တောင်းဆိုနေချိန်တွင် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

Source: AP News