တူရကီ အီးယူအဖွဲ့ဝင်ဖြစ်ရေး သြစတြီးယားနိုင်ငံခြားရေးဝန်ကြီး ဆန့်ကျင်

တူရကီနိုင်ငံ ဥရောပ သမဂ္ဂအဖွဲ့ဝင်အဖြစ် ပါဝင်လာစေရေး လုပ်ရပ်မှန်သမျှကို ဆန့်ကျင်သည်ဟု သြစတြီးယားနိုင်ငံ ခြားရေးဝန်ကြီး ဆီဘက်စကီယန် ကာဇ်က သတင်းစာ တစ်စောင်တွင် ရေးသားဖော်ပြခဲ့သည်။

အီးယူအဖွဲ့ဝင်ဖြစ်ရေး လုပ်ငန်းစဉ်တွင် အခြားအပိုင်းများ ဆက်လက် ညှိနှိုင်းဆွေးနွေးရေးကိစ္စကို ရည်ညွှန်း၍ ဆီဘက်စတီ ယန်ကာ့ဇ်က Kurier သတင်းစာတွင် ဖော်ပြခြင်းဖြစ်သည်။

‘‘ဥရောပနိုင်ငံခြားရေးကောင် စီမှာ ကျွန်တော် ပြောပိုင်ခွင့်ရှိပါ တယ်။ တူရကီနဲ့ ညှိနှိုင်းမှုအသစ် ဖွင့်လှစ်မလားဆိုတာ အဲဒီကောင်စီက ဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီ ကိစ္စကို ကျွန်တော် ဆန့်ကျင်ပါ တယ်’’ ဟု ၎င်းက ဆက်ပြော သည်။

ယင်းကောင်စီမှ ဆုံးဖြတ် ချက်များမှာ တညီတညွတ်တည်း ဖြစ်ရန် လိုအပ်သည်။

 တူရကီအာဏာသိမ်းမှုအ ပြီး နှိမ်နင်းမှုများအပေါ် သြစတြီးယားအဓိပတိ ခရစ်တီယန်ကန်း နှင့် ကာကွယ်ရေးဝန် ဒေါစ်ကို ဇီးလ်တို့၏ ဝေဖန်မှုများအပြီး နိုင်ငံခြားရေး ၀န်ကြီး၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တူရကီနှင့် ဆွေးနွေးမှုများ ရပ်တန့်ရေးကိစ္စကို စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်မည့် အီးယူ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေး၌ အချေအတင်ငြင်းခုံရန် တင်ပြမည်ဟု သြစတြီးယား အဓိပတိ ခရစ်တီယန်ကန်းက အစိုးရ သတင်းဌာန ORF အား ပြောကြားသည်။

—Ref: AFP


Leave a Reply