အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များနှင့် တွေ့ဆုံ

 

အမရပူရ ဇွန် ၁ဝ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ လက်ပံဇင် ကျေးရွာပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်လင်း၏ နေအိမ်သို့ သွားရောက်၍ ရပ်/ကျေး ပါတီ အဖွဲ့များအား သွားရောက် တွေ့ဆုံ ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် မန္တလေးမြို့ နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်

 

မန္တလေး ဇွန် ၁ဝ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက် ၇၁ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေး တိုင်းဒေသကြီး တစညပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ မန္တလေး မြို့အခြေစိုက် နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာကွန်ကရစ် လမ်းခင်းရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

အမရပူရ ဇွန် ၁ဝ

အမရပူမြို့နယ် ရဲလွန်းကျော်ကျေးရွာ ကွန်ကရစ်လမ်းခင်းရန်အတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက အမရပူရ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ်များအား အဆိုပါ ကျေးရွာသို့ သွားရောက်လှူဒါန်း ခဲ့သည်။ ထိုသို့ လှူဒါန်းရာသို့ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ လိုက်ပါကူညီဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပုသိမ်ကြီး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်တံတိုင်းရှည် ကျေးရွာအုပ်စု နတ်စုကျေးရွာ ဦးဇော်ဝင်း၏ နေအိမ်တွင် ယမန်နေ့ နံနက်က ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံရာသို့ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် ဦးကျော်မြိုင် (နယ်မြေမှူး)၊ အရန်ပါတီကော်မတီဝင် ဦးမြင့်နိုင်၊ ကျေးရွာပါတီခေါင်းဆောင် ဦးဇော်ဝင်းနှင့် ပါတီကော်မတီဝင်များ၊ ပြည်သူ လူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။  ဦးဝင်းနိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆွေးနွေးခဲ့ပြီး ဦးကျော်မြိုင်က ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် ပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေး ကျင်းပ

 

ညောင်ဦး ဇွန် ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ညောင်ဦးခရိုင် နှင့် မြို့နယ်အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် စာအုပ်များ လှူဒါန်း

 

မန္တလေး ဇွန် ၆

မိတ္ထီလာမြို့ စက်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ အလှူရှင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးနှင့်ဇနီး ဒေါ်ချယ်ရီစိုးသိမ်း မိသားစုက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာ၊ အဖြူအစိမ်းအဝတ် အထည်၊ မုန့်သရေစာများအား ယမန်နေ့ နံနက် ၉ နာရီက လှူဒါန်းခဲ့သည်။

တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ရပ်ကွက် ပါတီပုံမှန်အစည်းအဝေး ကျင်းပ

 

မန္တလေး ဇွန် ၅

မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂နာရီအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ပါတီ ကော်မတီလစဉ်ပုံမှန် အစည်းအဝေးကို ကျင်းပ ခဲ့သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးမြတ်သူ၊ မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်တင်၊ တောင်သာ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းညွန့်တို့က ဆွေးနွေးပြောကြားပြီး မြို့နယ်ပါတီ ကော်မတီဝင်များက နယ်မြေဆောင်ရွက်မှု အခြေ အနေများကို ရှင်းလင်းပြောကြားသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီအဖွဲ့များအား ကွင်းဆင်းတွေ့ဆုံ

 

အမရပူရ ဇွန် ၅

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဘုန်းတော်နိုင်ငံ ကျေးရွာပါတီရုံးသို့ သွားရောက်၍ ရပ်/ ကျေးပါတီအဖွဲ့များအား ကွင်းဆင်း တွေ့ဆုံခဲ့သည်။

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ တက်ရောက်

 

မြစ်သား ဇွန် ၎

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရစ်ကန်ကျေးရွာအုပ်စုနေ ဦးရွှေအောင်အား ပရဟိတသူရဲကောင်း ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပသည်။

မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင်မြို့နယ် ရပ်ကျေးပါတီ ကော်မတီဝင်များ အစည်းအဝေး ကျင်းပ

 

မတ္တရာ ဇွန် ၂

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြို့နယ်ပါတီ၏ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်/ ရပ်/ ကျေး ပါတီကော်မတီဝင်များ လပတ်အစည်းအဝေးကို ကျင်းပခဲ့သည်။