မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် မန္တလေးမြို့ နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံပွဲသို့ တက်ရောက်

 

မန္တလေး ဇွန် ၁ဝ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင် ရပ်ကွက် ၇၁ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ မန္တလေး တိုင်းဒေသကြီး တစညပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ မန္တလေး မြို့အခြေစိုက် နိုင်ငံရေးပါတီများ အလွတ်သဘော တွေ့ဆုံမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလွတ်သဘော တွေ့ဆုံရာသို့ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးမျိုးမြင့်နှင့်ဦးကျော်စန်း၊ မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဒေါ်သောင်းသောင်းနု၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးခင် မောင်ဝင်းနှင့် တိုင်းဒေသကြီးပါတီအလုပ် အမှုဆောင်များ၊ မန္တလေးတိုင်းဒေသကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဒေါ်တင်တင်မာနှင့် ပါတီတာဝန်ရှိသူများ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ ဗဟိုပူးတွဲဥက္ကဋ္ဌ ဒေါ်နန်းရွှေကြာနှင့် ပါတီတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် ပါတီ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အလုပ်အမှုဆောင် ဦးသန်းညွန့်နှင့် ပါတီတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံကြရာတွင် ပါတီတာဝန်ရှိသူများက တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်စကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဥက္ကဋ္ဌ ဒေါ်သောင်းသောင်းနု၊ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ရှိသူများက မန္တလေးတိုင်း ဒေသကြီးအတွင်း လက်ရှိဖြစ်ပေါ်နေသာ နိုင်ငံရေးအခြေအနေများအပေါ် အလွတ်သဘော အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သုတ(မန္တလေး)